Chapter 39+40( Unicode )

7.1K 813 41
                                    

Chapter. 39. မမုန်းပါနဲ့

မနက်မိုးလင်းလို့ဖူ့ရှိဝိန်အလုပ်သွားခါနီးတွင်သူ့အားအန်းချိန်ကိုဂရုစိုက်ပေးရန်မှာခဲ့သည်
" အန်းချိန်ရဲ့ခြေကျင်းဝတ်တွေကလှုပ်ရှားရတာအဆင်မပြေဘူး "

" ရှန်းရှိန်း စိတ်မပူပါနဲ့...ကျနော်သူ့ကိုကောင်းကောင်းပြုစုပေးလိုက်ပါ့မယ် "
လင်းယွီကပြောသည်

ရွှီချွင်ကလည်းဒီနေ့လုပ်စရာရှိတာကြောင့်မလာနိုင်ကြောင်းသူ့ထံစာပို့ထားခဲ့၏

" မရီး..ကျနော်ပိတ်ရက်မှာတော့မင်းကိုအဖော်ပြုပေးမှာပါ "

" အင်း..ကောင်းပြီ "

အိမ်ကြီးထဲတွင် လင်းယွီနှင့်အန်းချိန်သာကျန်ခဲ့၏....အန်းချိန်နှင့်ပေါင်းသင်းဆက်ဆံရန်မှာအလွန်ပင်လွယ်ကူလှ၏

အန်းချိန်ရေသောက်ချင်ပါကသူရေခပ်ပေးရသည်....သူအဆာပြေစားချင်ပါကလင်းယွီကလုပ်ပေးရသည်....အများစုမှာတော့အန်းချိန်က
ဆိုဖာပေါ်တွင်ထိုင်ကာသူ့လက်ကိုင်ဖုန်းကိုကြည့်နေခဲ့သည်ကများ၏

နေ့လည်ခင်း လင်းယွီချက်ပြုတ်ပြီးချိန်တွင် အန်းချိန်ကသူ့၏ဟင်းချက်လက်ရာနှင့်ပတ်သက်ပြီးချီးကျူးလာ၏

နှစ်ဉီးသား ထမင်းစားပြီးနောက်တွင်အန်းချိန်က
" အားယွီ...မင်းချက်တဲ့ဟင်းတွေကအရမ်းအရသာရှိတယ်...ငါ့ခြေထောက်သက်သာလာတဲ့အခါကျရင်ငါ့ကိုချက်ပြုတ်နည်းလေးသင်ပေးမလား "

" ကောင်းပါပြီ "
လင်းယွီကပန်းကန်တွေကိုသိမ်းဆည်းလိုက်သည်

အန်းချိန်ကသူ့ရဲ့သေးသွယ်နေတဲ့ခါးလေးကိုသဘောကျစွာကြည့်ရင်း
" အားယွီ...မင်းကနည်းနည်းလေးဘဲစားတာလား....ဒါကြောင့်အဆီမရှိတာကိုး "

လင်းယွီကပေါ့ပေါ့ပါးပါးပြုံးရင်း
" အခုတလောစားချင်စိတ်မရှိလို့ပါ "

လင်းယွီ တွေးတွေးဆဆလုပ်နေသည့်မျက်နှာကိုအန်းချိန်ကလှမ်းကြည့်လာ၏

လင်းယွီသိမ်းဆည်းပြီးတော့ပန်းကန်ဆေးရန်မီးဖိုချောင်ထဲဝင်လိုက်သည်

တစ်မနက်ခင်းလုံးရင်းရင်းနှီးနှီးနေပြီးချိန်တွင်တော့အန်းချိန်ကသူ့အပေါ်တစ်စုံတစ်ရာမုန်းတီးခြင်းမရှိနေသည်ကိုတွေ့လိုက်ရ၏
သူသည်ကြင်နာတတ်သောသခင်လေးတစ်ယောက်ကဲ့သို့ဖြစ်ပြီးမာနကြီးကာပေါင်းသင်းရန်ခက်ခဲသောအခြားသခင်လေးများနှင့်မတူပေ..
သူကသာအန်းချိန်ကိုမနာလိုနေသည်သာ...
ရှန်းရှိန်းလည်းငါ့ကိုမမုန်းပါစေနဲ့....

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now