Chapter 57

6.9K 728 21
                                    

Chapter 57.ကိုယ်ကအန်းချိန်ကိုညီတစ်ယောက်လိုပဲမြင်တယ်

ဖူ့ရှီဝိန်က သူ့ကုတ်အင်္ကျီအားချွတ်လိုက်ကာ cloakroom ထဲသို့ထည့်ကာချိတ်ထားလိုက်သည်
အိမ်ထဲရှိမွှေးပျံ့ပျံ့ကြက်စွတ်ပြုတ်နံ့လေးကသူ၏နှုတ်ခမ်းအစွန်းလေးသားအပေါ်သို့ကော့ညွှတ်သွားစေပြီးသူအိမ်စီးဖိနပ်အားလဲလိုက်ကာမီးဖိုချောင်ထဲသို့လျှောက်သွားလိုက်သည်

မီးဖိုချောင်ထဲရှိလူငယ်လေးကပန်းကန်လုံးရှေ့တွင် ရပ်နေခဲ့ပြီးသူ့မျက်လုံးများကလည်းအတည်းငယ်မှေးမှိန်နေ၏

ဖူ့ရှီဝိန်ကအရှေ့သို့တိုးသွားကာထိုကောင်ငယ်လေး၏ခါးကိုနောက်ဘက်မှနေ၍လက်နှစ်ဖက်ဖြင့်ပွေ့ဖက်လိုက်သည်
" မင်းဘာတွေတွေးနေတာလဲ "

ကောင်ငယ်လေးသည်လန့်ဖျပ်သွားပုံရပြီးသတိပြန်ဝင်လာရာမှခေါင်းကိုယမ်းလိုက်ကာ
" ကျတော်ဘာကိုမှမတွေးနေပါဘူး "

ဖူ့ရှီဝိန်ကအများကြီးမမေးနေတော့ပဲခေါင်းကိုငုံ့ကာ
ကောင်ငယ်လေး၏ဆံပင်လေးအားရှူရှိုက်လိုက်သည် " အင်း...အရမ်းမွှေးတယ် "

သူ့အသံကအနည်းငယ်ဆွဲဆောင်မှုရှိနေပြီး

ကြက်စွပ်ပြုတ်သို့မဟုတ်ဆံပင် မည်သည်၏ရနံ့ကိုဆိုလိုသည်ကိုသူမသိပါ

လင်းယွီကအနည်းငယ်ရှက်သွားရသည်
" ရှန်းရှိန်း...ဒီနေ့စောစောပြန်လာတာလား "

ဖူ့ရှီဝိန်သည်ကောင်ငယ်လေး၏အဝတ်အောက်သို့သူ့လကိကိုလျှိုဝင်လိုက်ပြီးနားရွက်ဖျားလေးတွေကိုနမ်းရှုံ့လိုက်ကာ
" ကိုယ်မင်းကိုလွမ်းတယ် "

လင်းယွီက
" ဗိုက်ဆာနေပြီလား...ကြက်စွပ်ပြုတ်ကပြီးခါနီးပြီ "

" စိတ်မပူပါနဲ့ " သူ့ရဲ့အာဒံပန်းသီးကနိမ့်ချည်မြင့်ချည်နှင့်စုန်ဆန်တက်နေရင်း
" ကိုယ်ဒါကိုအရင်စားကြည့်ရအောင် "
ဖူ့ရှီဝိန်၏လှုပ်ရှားမှုတွေကနူးညံ့လွန်း၏

လင်းယွီကသူ့နှုတ်ခမ်းသားများကိုအရမ်းကိုက်ထားကာသူ့ဉီးနှောက်ကလည်းလုံးဝလွတ်ထွက်ချင်သလိုပင်ဖြစ်သွားရကာမျက်လုံးများကလည်းဝေဝါးသွားရ၏

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now