Chapter 53 (Uni)

7.9K 879 29
                                    


Chapter 53.မဒမ်ကိုပြန်မခေါ်လာတော့ဘူးလား

" ရှောင်လင်လောင်ရှီး..ဝမ်ရှင်းရှင်းကအိမ်စာတွေမထပ်ဘူး..သူကအချစ်စာတွေလည်းရေးနေသေးတယ် "

စကားပြောနေသောကလေးများကသူ၏ကျူရှင်ရှိဝမ်ရှင်းရှင်းနှင့်အလွန်ရင်းနှီးသောအပေါင်းအပါလေးများဖြစ်၏

ထိုကလေးကဝမ်ရှင်းရှင်းရေးထားသောချစ်သဝဏ်လွှာလေးအားကိုင်ထားလိုက်ရင်း
" ချစ်ရပါသော ကျောင်းရှောင်ဟွာ...မင်္ဂလာပါ..ငါကဝမ်ရှင်းရှင်းပါ....." ( Zhang Xiaohua )

" ပြန်ပေး..." ဝမ်ရှင်းရှင်း၏မျက်နှာလေးကမျောက်ဖင်ကဲ့သို့နီရဲနေ၏

" ကောင်းပြီ..တော်လောက်ပြီအတန်းဖော် ကျိုးကျစ်ရွှမ်..မစနဲ့တော့... "

လင်းယွီကထိုစာစောင်လေးအားဝမ်ရှင်းရှင်းထံပြန်ပေးလိုက်၏

" အချစ်စာရေးတာကအချစ်ကိုဖော်ပြတဲ့နည်းလမ်းတစ်ခုဖြစ်တာကြောင့်မင်းရဲ့အတန်းဖော်တွေအပေါ်စနောက်ဖို့အတွက်မသုံးသင့်ဘူး...."
" နောက်ပြီး ဝမ်ရှင်းရှင်း..မင်းရဲ့အခုအလုပ်ကစာလုပ်ဖို့ပဲ "

ဝမ်ရှင်းရှင်းလေးကခေါင်းကိုငုံ့ကာကြောက်ရွှံ့စွာဖြင့်ပင်မေးလိုက်၏
" ရှောင်လင်လောင်ရှီး..ကျနော်မှတ်ထားပါ့မယ်..စိတ်မဆိုးဘူးမလားဟင်.. "

လင်းယွီကသူ့ခေါင်းလေးကိုပွတ်ပေးလိုက်ရင်း
" မဆိုးပါဘူး...အိမ်စာတွေကိုသာသေသေချာချာလုပ် " သူကပြုံးကာပြောလိုက်၏

ထိုအချိန်လေးမှာပင်လင်းယွီ၏ဖုန်းလေးကအသံမြည်လာကာ၎င်းမျက်နှာပြင်ပေါ်ရှိနံပါတ်လေးကလည်းသူမသိသည့်နံပါတ်စိမ်းတစ်ခုဖြစ်နေသည်ကိုတွေ့လိုက်ရ၏

ဒီအချိန်မှာဆက်တာဆိုတော့ကလေးတွေရဲ့မိဘတွေဆီကများလား...

" ဟယ်လို "

ဖုန်း၏တစ်ဖက်ကတုံ့ပြန်မှုမရှိပေ...
" မင်္ဂလာပါ " လင်းယွီကထပ်ပြောလိုက်၏

" ဘယ်သူလဲမသိဘူး "
" ငါဖုန်းချပြီနော် "

ထိုအခါမှဖုန်းတစ်ဖက်မှကျယ်လောင်သည့်ရယ်သံတစ်ခုထွက်လာ
" လင်းယွီ..မင်းငါ့ကိုမှတ်မိသေးလား "

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now