ကျွန်တော့်အသက် UNICODE

1.7K 138 9
                                    

JeonJungKookဆိုတဲ့ ကျွန်တော်ဟာ လူအများအမြင်မှာ " မိဘဂုဏ်‌နဲ့ဆိုးသွမ်းနေတယ် " " ပေတေလေလွင့်နေတယ် " လို့ မြင်နေကြလိမ့်မယ်။ကျွန်တော်ကလည်း အဲ့တာတွေကို လိုက်ဂရုစိုက်နေတဲ့အကောင်မဟုတ်ဘူး။ပတ်ဝန်းကျင်က ဘယ်လိုမြင်မြင်‌ ကျွန်တော့်ကိုသူတို့ကျွေးထားတာ မဟုတ်လို...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

JeonJungKookဆိုတဲ့ ကျွန်တော်ဟာ လူအများအမြင်မှာ " မိဘဂုဏ်‌နဲ့ဆိုးသွမ်းနေတယ် " " ပေတေလေလွင့်နေတယ် " လို့ မြင်နေကြလိမ့်မယ်။
ကျွန်တော်ကလည်း အဲ့တာတွေကို လိုက်ဂရုစိုက်နေတဲ့အကောင်မဟုတ်ဘူး။
ပတ်ဝန်းကျင်က ဘယ်လိုမြင်မြင်‌ ကျွန်တော့်ကိုသူတို့ကျွေးထားတာ မဟုတ်လို့ သောက်ဂရုမစိုက်ပါ။
ကျွန်တော့် ဘာသာ ပေတေလေလွှင့်ချင်လွှင့်မယ်၊ ဆိုးချင်ဆိုးမယ် ။
မအေးချမ်းတဲ့ မိသားစု၊ နွေးထွေးမှုမရှိတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ရတာမို့ နွေးထွေးမှုဆိုတာကို မေ့နေခဲ့တာကြာပါပီ။
ဒါပေမဲ့ ကျွန်တော့်ဆီ မျက်စိလည်လမ်းမှားရောက်လာတဲ့ သူ... ၊ မဟုတ်ဘူး... ... ကျွန်တော်က သူ့ဆီမျက်စိလည်လမ်းမှားပြီးရောက်ခဲ့တာ။
  
မျိုးရိုးစဉ်ဆက်လုပ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်း‌တွေကို အဖေက ဦးစီးနေခဲ့တယ်။ အဖေက သူများနဲ့မတူပဲ ပိုလောဘရှိခဲ့တဲ့ပုံပါပဲ ။ နိုင်ငံရေးအထိပါ ဝင်ပါခဲ့တယ်။
ကျွန်တော်တို့မြို့မှာ အဖေက ဩဇာအရှိဆုံးပဲ။
သားဖြစ်တဲ့ ကျွန်တော့်ကိုတောင် အတင်းအကျပ် စည်းကမ်းတွေနဲ့ ပုံသွင်းခဲ့တယ်။
ဒါပေမဲ့ အမေဆုံးပီးနောက်ပိုင်း ကျွန်တော် စပြီးပေတေလေလွှင့်ခဲ့တာပါပဲ။

ဒါတွေအကုန်လုံးက ဘယ်သူကြောင့်လဲ??
အဖေ့ကြောင့်ပဲလေ။
နှလုံးရောဂါရှိတဲ့ အမေ့ကို လင်ယောက်ျားသားတစ်ဦးဖြစ်ပြီး ဂရုမစိုက်ပဲ လျစ်လျူရှူထားခဲ့တယ်။
သူ့ရဲ့ ပိုက်ဆံ ၊ နိုင်ငံရေးတွေနဲ့ပဲ အချိန်ကုန်နေခဲ့တာ။
အမေဖြစ်တဲ့ သူ့မိန်းမကို ကြင်နာယုယမှု မရှိခဲ့တဲ့ အဖေဟာ သားဖြစ်တဲ့ ကျွန်တော့်အပေါ်  မေတ္တာတွေ ပေးမယ်တဲ့လား???
စိတ်ကူးထဲ တိုက်အိမ်ဆောက်သလိုဖြစ်နေမှာပေါ့။
ကျွန်တော့် အဖေ့ကို မုန်းတာ မမှားဘူးလို့ထင်တယ်။
အခုဆို အဖေ့မှာ ကျွန်တော့်လို အနာဂတ်မရှိ၊ အပေအတေ သားတစ်ယောက်ရှိနေပီလေ။
အဲ့တာက ကျွန်တော် အဖေ့ကို ပေးတဲ့ အပြစ်ပဲ!!

Golden Line One Shot CollectionWhere stories live. Discover now