Late Night (Unicode)

1K 111 11
                                    

ရုံးဆင်းချိန်မို့ ကျွန်တော် လွယ်အိတ်ကို လွယ်ပြီး ရုံးထဲက ထွက်လာတော့ ခံစားလိုက်ရတဲ့ အပြင်လေရဲ့ ပူနွေးမှု။
‌နွေရာသီမို့ ပူအိုက်တာမထူးဆန်းပါ။ ဒါပေမဲ့ မိုးရွာချင်သလို အုံ့မိုင်းပြီး လေထုက ပူနွေးနေသည်။
ရုံးခန်းထဲမှာတော့ အအေးပေးစက်ကြောင့် အပူဒဏ်ကို မခံစားရပေမဲ့ အပြင်မှာတော့ အပူဒဏ်ကြောင့် ချွေးစေး‌တွေ ထွက်နေခဲ့တယ်။
တစ်နေကုန် ဟိုပြေးသည်ပြေးဖြင့် လုပ်ခဲ့ရသော အလုပ်တွေကြောင့် ခန္ဓာကိုယ်က အားအင်ကုန်နေပေမဲ့ မိုးရွာမှာစိုး၍ မြေအောက် ရထားဘူတာဆီသို့ အမြန်ပြေးခဲ့တယ်။
မြေအောက်ရထားစီးပြီး အိမ်ပြန်ဖို့ လုပ်ခဲ့တယ်။ လမ်းမှာ မိုးမရွာပါစေနဲ့လို့ ဆုတောင်းရင်းပေါ့။
ဒီနေ့မှ လူကြပ်နေသော မြေအောက်ရထားကို မုန်းမိပါတယ်။
အပူဒဏ်ကြောင့် အသက်ရှူမဝသလိုခံစားလာရ‌တာကြောင့် မှတ်တိုင်အမြန်ရောက်ဖို့သာ ဆုတောင်းခဲ့တယ်။

မှတ်တိုင်ရောက်တော့ ဘူတာရုံရဲ့ ထောင့်တစ်နေရာမှာရပ်ပြီး အသက်ဝအောင်ရှူလိုက်သည်။
ဘူတာရုံရဲ့ အအေးပေးစက်ကြောင့် ခန္ဓာကိုယ်က အပူဒဏ်လျော့သွားသည်။
မတ်တပ်ရပ်ရင်း ရှေ့တစ်နေရာဘူတာရုံရဲ့ LED screen မှာ ပေါ်နေသော မျက်ဝန်းနက်နက်တွေနဲ့သူ။ ချစ်စရာကောင်းတဲ့ အပြုံးတစ်ခုပိုင်ဆိုင်ထားတဲ့သူ။
" JungKook ... Jeong JungKook " သတိတောင် မထားမိပဲ ပါးစပ်က ထွက်သွားပြန်ပီ အဲ့နာမည်ကို။
ခန္ဓာကိုယ်က အပူလျော့သွားပေမဲ့ ခံစားနေသော နာကျင်နေသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေ နာကျင်နေသော နှလုံးသားလေးလည်းပါတာပေါ့။
ကျလာပြန်ပီ အဲ့မျက်ရည်တွေ ၊ ကိုယ် ကိုယ်တိုင် လမ်းခွဲစကားဆိုခဲ့ပြီး အခုလို မျက်ရည်ကျနေရတာတော့ မဟုတ်သေးဘူး။
မျက်ရည်တွေကို  သုတ်ပြီး ထိုနေရာမှ ထွက်လာခဲ့တယ်။
အိမ်မပြန်ခင် ဆေးဆိုင်ကို ဝင်ပြီး ဆေးဝယ်ရမည်။ ညစာအတွက် တစ်ခုခုစားရန် Martဆိုင်လည်း ဝင်ရအုံးမည်။
မျက်လုံးရှေ့တွင် ရှိတဲ့ Martဆိုင်ထဲကို ဝင်လာခဲ့တယ်။
ဝင်ဝင်ချင်း မြင်တွေ့လိုက်ရသော သူ Jung Kook  ။
Maskအနက်နဲ့ ဦးထုပ်စောင်းထားပေမဲ့ ကျွန်တော် သူ့ပုံစံကို အလွတ်ရနေပီမို့ သူမှန်းသိခဲ့တယ်။
မမြင်ချင်ယောင်ဆောင်ပြီး Martထဲက ထွက်လာခဲ့တယ်။
အပြင်ကို ရောက်တော့ အနောက်ကနေ လက်ကို ဆွဲကိုင်ခံလိုက်ရဲ့ ခံစားမှု။

Golden Line One Shot CollectionWhere stories live. Discover now