𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 (𝐔)

840 81 15
                                    

" ခင်များတို့ ဆုတောင်းဆိုတာကို ယုံလား။
ဒါမှမဟုတ် တစ်ခုခုကို ယုံကြည်ကိုးကွယ်ပြီး ဆုတောင်းတာလား။
အဟမ်း... "
ချောင်းတချက်ဟန့်လိုက်ပြီး နှုတ်ခမ်းထက် အပြုံးလေးတစ်ခုကို ချိတ်ဆွဲသွားသည်။
အပြုံးလေးကြောင့် နှုတ်ခမ်းအောက်က အမှတ်သားလေးက ထင်းကနဲပါပဲ။

" ဆက်ပြောမယ် ..
ကျွန်တော် ငယ်ငယ်က ထူးဆန်းတဲ့ လူတစ်ယောက်ကို တွေ့ဖူးတယ်
ကျွန်တော် ဘူဆန်မှာနေတုန်းက ကျွန်တော်တို့ လမ်းထိပ်မှာရှိတဲ့ အိမ်လေးမှာနေတဲ့ ဦးလေးကြီးတစ်ယောက်
သူက မနက်တိုင်း သူ့အိမ်လေးရှေ့မှာ ခုံချပြီးနေမင်းကြီးထွက်လာတာကို စောင့်ကြည့်နေတတ်တယ်
နေမင်းကြီး ဖြေးဖြေးချင်းထွက်လာတဲ့အခါ သူစပြီး ဘာသာရေးကျမ်းစာကဲ့သို့ ဆုတောင်းစာတွေ စပြီး ရွတ်တယ်
အဲ့တာ သူမနက်တိုင်းလုပ်တယ်
ကျွန်တော် သိတတ်စအရွယ်ကစပြီး ကျွန်တော်သတိထားမိလာတာ
မေမေ့ကို မေးကြည့်တော့ သူက ‌အကြွင်းမဲ့ အေးချမ်းရာကို လိုချင်လို့ နေမင်းကြီးဆီမှာ ဆုတောင်းနေတာတဲ့
သူက နေမင်းကြီးကို ယုံကြည်ပြီး ဆုတောင်းနေတယ်
ကျွန်တော်သိချင်တယ် သူ့ဆုတောင်းတွေ ပြည့်မှာလား
ခင်များတို့ ယုံချင်မှ ယုံလိမ့်မယ် ကျွန်တော့်အသက် 25 အဲ့လူကြီးက အခုထိဆုတောင်းနေတုံး
သူ့အသက်လည်း ကြီးလာပါပီ ဒါပေမဲ့ အရွယ်တင်တယ်ပဲပြောရမလား သူက သိပ်ပြီး ပြောင်းမလဲသွားဘူး
နေမင်းကြီးဆီ မနက်တိုင်း ကျွန်တော်နားမလည်သော အရာတွေ ရွတ်ဖတ်ပြီး ဆုတောင်းနေဆဲ
..
...
ဒီလေလှိုင်းကနေပဲ ဆုတောင်းနဲ့ ပတ်သတ်တဲ့ ပုံပြင်တစ်ပုဒ် ဆက်ပြောပြမယ် ...
သီချင်းတစ်ပုဒ်ပြီးရင် ပြန်လာခဲ့ပါမယ် "

အသံသွင်းခန်းရဲ့ အပြင်မှာရှိသော radio PDတစ်ဦးဟာ အသံပိတ်လိုက်ပြီး သီချင်းတစ်ပုဒ်ကို စဖွင့်လိုက်တယ်။
အသံသွင်းအခန်းထဲက ရေသောက်နေသော DJလေးကို လက်ဖြင့် OKလားဟု တစ်ချက်မေးလိုက်သည်။
DJဟာ ပြုံးရင်း မျက်လုံးမှိတ်ပြလိုက်သည်။
မကြာခင်မှာပဲ သီ‌ချင်းလေးဟာ ပြီးဆုံးသွားခဲ့ပါသည်။

" ကျွန်တော်ပြန်လာပါပြီ ..
ဆုတောင်းနဲ့ ပတ်သတ်တဲ့ ပုံပြင်လေး ကျွန်တော် ပြောပြမယ် .... ..... ...... "

Golden Line One Shot CollectionWhere stories live. Discover now