Endless love / Unicode/

755 92 24
                                    

!!တီတီ တီတီ တီတီ!!
နှိုးစက်မြည်သံက အိပ်လို့ကောင်းနေတဲ့ ကျွန်တော့်ကို အနှောက်အယှက်အကြီးကြီးဖြစ်စေတယ်။
အရမ်းကို အိပ်ချင်နေတာမို့ နှိုးစက်ကို ပိတ်ပြီး စောင်ဆွဲယူကာ ခေါင်းအထိ ခြုံလိုက်ပြီး ပြန်အိပ်လိုက်တယ်။
မကြာပါဘူး ဖုန်းringtoneအသံကြားရပြန်ပြီ
" ကျစ်!!! "
" HoSeokaa ထတော့ မထသေးဘူးလား ငါထင်တယ် နင်နှိုးစက်ပိတ်ပီး ပြန်အိပ်နေမယ်ဆိုတာ နောက်ကျရင် မလွယ်ဘူးနော် အဖေ့ကြောင်း မသိတာမဟုတ်ပဲနဲ့ ထစမ်း "
ဖုန်းကိုင်လိုက်သည်နှင့် ဆက်တိုက်ပြောနေသော ကျွန်တော့်ရဲ့ မမ။
ကျွန်တော်တို့ မိသားစုဟာ ရှေးရိုးစွဲတစ်ခုရှိတယ်။
အဲ့တာက ထမင်းစားဝိုင်းကို အချိန်အတိအကျနဲ့ လူစုံတက်စုံရောက်ဖို့ပါပဲ ။
အဲ့ထက်ဆိုးတာကတော့ ကဗျာရွတ်ရတဲ့ ဓလေ့။
ထမင်းမစားခင် ရက်အလိုက် တစ်ယောက်တစ်လှည့်ကဗျာရွတ်ရတယ်။
ဂျိုဆွန်းလက်ထက်ထဲက စာပေမိသားစုမို့ ဒီဓလေ့ကို အခုထိ လက်ဆင့်ကမ်းလာကြသည်။
ဘာကြောင့် အခုထိ လက်ဆင့်ကမ်းရလဲ တကယ်နားမလည် ။

" HoSeok !! ဘာလို့ အသံတိတ်နေတာလဲ ပြန်အိပ်နေတာလား ထစမ်းပါ "

" ထပီ မမရာ ! "

" နင် အဖေ့ကြိမ်လုံးစာမိမှာစိုးလို့ နှိုးနေတာ ထတော့ "

" မမက လွှတ်လပ်သွားပီလေ "

မမက လွန်ခဲ့တဲ့ သုံးလလောက်က လက်ထပ်ပြီး သူ့အမျိုးသားဆီ လိုက်နေတော့ ဒီရိုးရာကြီးမှ လွှတ်မြောက်သွားခဲ့တယ်။
ကျွန်တော်ပဲ ကျန်ခဲ့တယ် ။
မိန်းမယူရင်လည်း ယူတဲ့မိန်းမပါ ဒီအိမ်မှာ လာပြီး ကဗျာရွတ်နေရအုံးမယ်။
ကိုယ့်အတွက်တင်မဟုတ် သူ့အတွက်ပါ ကဗျာစပ်ပေးနေရမလိုဖြစ်နေပီ။
Jung HoSeok တို့ ထွက်ပြေးစရာ နည်းတစ်နည်းပဲရှိတော့တယ် ။

ကျွန်တော်ကိုယ့်နည်းလမ်းကို ကိုယ်ပြန်တွေးပြီး သဘောကျစွာနဲ့ ထမင်းစားခန်းမှာ အစောကြီး ကြိုစောင့်နေခဲ့တယ်။
မကြာခင်မှာ ဖေဖေရယ် မေမေရယ် ဦးလေးငယ်နဲ့ သူ့မိန်းမရယ် ၊ အပျိုကြီးဒေါ်လေးရယ် လူစုံလာသည်။
ကျွန်တော်ထွက်ပြေးလို့ရမဲ့ နည်းလမ်းကတော့ နိုင်ငံခြားမှာ ပညာသွားသင်မဲ့ အကြံပါပဲ။
အဲ့ကိစ္စကို ကဗျာရေးပြီး ဒီနေ့ရွတ်ပြဖို့ အကောင်းဆုံး ပြင်ဆင်ထားတယ်။

Golden Line One Shot CollectionWhere stories live. Discover now