Love follow me (Unicode)

867 102 17
                                    

နေသာပြီး နွေးထွေးနေသော နေ့တစ်နေ့။
ကောင်တာမှာ ခေါင်းကိုစောင်းအိပ်ချပြီး မှန်တခါးမှ အပြင်မှာ မြင်နေရသော ပင်လယ်ပြင်ကြီးကို HoSeok ငေးနေသည်။
လှိုင်းစုလေးတစ်ခါတက်လာတိုင်း ဝါကျန့်ကျန့်သဲပြင်မှာ အဖြူ‌ရောင်အမြှုပ်လေးတွေစုပြီး ကျန်ခဲ့တာကို အသေးစိတ်လိုက်ခံစားပြီး ကြည့်မိတော့ စိတ်ထဲ ပျော်ရွှင်လာရသလိုလို။
Seoul ဆိုတဲ့ မြို့ပြကြီးမှ မနီးမဝေး ကမ်းရိုးတန်းဒေသတစ်ခုကို ထွက်လာခဲ့တယ်။
မဟုတ်ဘူး ထွက်ပြေးလာခဲ့တယ်၊ ရှောင်ပြေးလာခဲ့တယ် ဆိုရင် ပိုမှန်လိမ့်မယ်။
HoSeok က Sunshine Minimartလေးရဲ့ ပိုင်ရှင်ပင်ဖြစ်တယ်။
ဦးလေးရဲ့ Minimartလေးကို အမွေရပြီး Sunshine Minimartအဖြစ်ပြောင်းလဲခဲ့သည်မှာ၂နှစ်ကျော်လောက်ရှိပြီဖြစ်သည်။
သူ ရှောင်ပြေးလာသည်မှာလည်း ၂ နှစ်ကျော်လောက်ရှိပြီ။
နေရောင်အောက် တလက်လက်တောက်နေသော ပင်လယ်ပြင်ကြီးကို HoSeok ကြည့်ရင်း ပြုံးမိသည်။
တစ်ခုခုသတိရမိလာသလို ခံစားရသည်။
အတင်းမေ့ထားခဲ့တယ် ၊ မေ့ဖို့ အတင်းလုပ်ယူခဲ့တဲ့ အရာကိုပေါ့။
ငါမေ့နိုင်ပီ ဟု အတင်းလုပ်ယူ ဟန်ဆောင်ရင်းကနေ တကယ်မေ့သွားမယ် ဆိုပြီး HoSeok က ထင်ခဲ့တယ်။
သူမေ့နိုင်လား မမေ့နိုင်လားက သူ့ကိုယ့်သူအသိဆုံးဆိုပေမဲ့ သူက ကိုယ့်ကိုကိုယ်ညာပြီး ဟန်ဆောင်ကောင်းနေဆဲပါ။
Jung HoSeokဆိုတာ ဟန်ဆောင်ကောင်းတယ်လေ။
သူပင်လယ်ကြီးကို ကြည့်ရင်းက မျက်လုံးတွေ အတင်းမှိတ်ပြီး ငါသတိမရဘူး ဟု အကြိမ်ကြိမ်ရေရွတ်ကာ မှောက်အိပ်ချလိုက်သည်။
မျက်လုံးမှိတ်ခါမှ ပေါ်လာသော ပုံရိပ်တွေ အပြုံးတွေ အမှတ်တရတွေက HoSeok ကို မျက်ရည်တွေ ကျစေပြန်ပါပီ ။
" JeonJungKook!! ငါမင်းကို မုန်းတယ် မင်းကို သတိရနေတဲ့ ငါ့ကိုငါ ပိုမုန်းတယ် "
HoSeok အသံတုန်ရီစွာ ရေရွတ်ခဲ့သော စကားတစ်ခွန်းသာ။

    လွန်ခဲ့သော သုံးနှစ်လောက်က ....
" Hyung ! Hyung ! Hyung ! "
JungHoSeok နောက်ကို အမြဲလိုက်ကပ်နေသော ကောင်လေးတစ်ယောက်ရှိတယ်။
သူကတော့ JeonJungKook ။ ‌
HoSeok က တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားဖြစ်ပြီး JungKook က ဒုတိယနှစ်ကျောင်းသားဖြစ်သည်။
HoSeok က အမြဲစာလုပ်နေပြီး တည်ငြိမ်လွန်းသည်။
‌JungKookမှာ သွက်လက်ပြီး ‌နာမည်ကြီး ကျောင်းဂုဏ်ဆောင် ကျောင်းသားတစ်ယောက်ဖြစ်သည်။
" ကျွန်တော် အချစ်အကြောင်းတွေ စိတ်မဝင်စားသေးဘူး "ဟု လာကြိုက်သော မိန်းကလေးတွေကို HoSeok ငြင်းလေ့ရှိသည်။
အမှန်တကယ်လည်း သူ အချစ်အကြောင်းတွေ စိတ်မဝင်စားတာမှန်ပေမဲ့ သူတတိယနှစ်လောက်ထဲက အမြဲလိုက်ကပ်နေသော JeonJungKook ဆိုတဲ့ ချာတိတ်ကိုတော့ HoSeok အနည်းငယ်စိတ်ဝင်စားမိတာတော့ အမှန်ပင်။
အချစ်အကြောင်း စိတ်မဝင်စားတဲ့သူ့ကို ဘယ်စာအုပ်တွေထဲက အလွတ်ကျက်လာမှန်းမသိသော love dialogue တွေ ရွတ်ပြလေ့ရှိတယ်။
HoSeok စိတ်ရှုပ်မိတာမှန်ပေမဲ့ မသိထဲမှာ စကားတတ်ချင်ယောင်ဆောင်နေသော မအူမလည်ချာတိတ်လေးကို စိတ်ဝင်စားနေမိခဲ့တယ်။

Golden Line One Shot CollectionWhere stories live. Discover now