Bye Bye My Star [Uni]

807 95 12
                                    

~ ဒီနေ့သူ့ကိုသွားတွေ့မည် °°° ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ အပြင်မှာ နှင်းတွေကျနေခဲ့တယ် °°°ဆောင်းတွင်းဆို အမြဲ နှာစေးပြီး ကိုယ်လက်တွေ နာတတ်တဲ့ ကိုယ့်ကို စိတ်ပူပေးတဲ့သူက နွေး‌ထွေးအောင် ဝတ်ဖို့ အမြဲတမ်းတတွတ်တွတ်ပြောတာကို သတိရမိတယ် °°°သူ့စကားနားထ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

~ ဒီနေ့သူ့ကိုသွားတွေ့မည် °°°
ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ အပြင်မှာ နှင်းတွေကျနေခဲ့တယ် °°°
ဆောင်းတွင်းဆို အမြဲ နှာစေးပြီး ကိုယ်လက်တွေ နာတတ်တဲ့ ကိုယ့်ကို စိတ်ပူပေးတဲ့သူက နွေး‌ထွေးအောင် ဝတ်ဖို့ အမြဲတမ်းတတွတ်တွတ်ပြောတာကို သတိရမိတယ် °°°
သူ့စကားနားထောင်ပြီး Brown Coat အရှည်လေးနဲ့ မာဖလာထူထူလေးပတ်လိုက်တယ် ၊ နားရွက်အုပ်အောင် ဦးထုတ်လေးပါ ဆောင်းခဲ့တယ် °°°
သူ့ဆီမသွားခင် သူကြိုက်တဲ့ နှင်းပန်းပွင့်တစ်ချို့ကို ဝယ်သွားမယ် °°°
ခေါင်းထဲမှာ ဘာအတွေးမှမရှိပဲ သူ့ကို တွေ့မယ်ဆိုတဲ့ အတွေးပဲရှိတယ် °°°

: : :

Brown Coat ထူထူနဲ့ မာဖလာထဲမှာ မြုပ်နေတဲ့ ကောင်လေးက ဆောင်းရာသီရဲ့ အအေးဓာတ်ကြောင့် နှာတံလေးတွေနဲ့ ပါးမို့မို့လေးတွေကရဲနေတယ်။
နှင်းတွေကြားမှာ ပါးစပ်ထဲက အာငွေ့ဖြူဖြူတွေ ထုတ်လိုက်ပြီး ပန်းဆိုင်လေးထဲကို ခပ်မြန်မြန်ဝင်သွားသည်။

" ကြိုဆိုပါတယ် ဘာလိုချင်လို့ပါလဲ " ဟု ဆိုင်ရှင်ဦးလေးကြီးက နှုတ်ဆက်လိုက်သည်။

" ကျွန်တော့်ကို နှင်းပန်းပွင့်ပန်းစည်း တစ်စည်းပေးပါ "

" ရမယ် ကောင်လေး ခဏစောင့် "

" ဟုတ် "

" ကောင်မလေးကို လက်ဆောင်ပေးမို့ထင်တယ် "
ပန်းစည်းပြုလုပ်ရင်း ဦးလေးကြီးက စောင့်နေတဲ့ ကောင်လေးကို မေးခဲ့တယ်။
ထိုကောင်လေးမျက်နှာမှာ အပြုံးသေးသေးလေး ပေါ်လာပြီး

" ကောင်လေးကို ပေးမို့ပါ "

" Arrr တောင်းပန်ပါတယ် နှင်းပန်းပွင့်ဆိုတော့ မိန်းကလေးကို ပေးမယ်ထင်သွားတာ "

Golden Line One Shot CollectionWhere stories live. Discover now