2

98 4 5
                                    

My Little World

Unicode

"Hyung ရေ အမေက ထမင်းစားရအောင်တဲ့ ခေါ်ခိုင်းလို့ "

တံခါးအပြင်ဘက်ကနေ ကင်မင်ယောင်းတယောက် သူ့အစ်ကိုကို လှန်းခေါ်နေသော်လည်း အသံပြန်မပြုတာကြောင့် အခန်းထဲကို ဝင်သွားလိုက်သည်

ဘောင်းဘီ ပေါင်လယ်လောက်ရှိတဲ့ pantyလေးဘဲဝတ်ထားတယ် အပေါ်က အင်္ကျီမပါ ဘဲ အိပ်နေတာ

"လုပ်ပြီ Hyungကတော့ ဒီလောက်အေးနေတာကို အင်္ကျီ ချွတ်အိပ်ရတယ်လို့ Hyung ထထ ထမင်းစားဖို့ ညနေစောင်းကတည်းကအိပ်နေတာ လေ ထတော့ ထမင်းစားမယ် အောက်ကနေစောင့်နေမယ်ထ ဒီလောက်အေးတာကို "

မင်ယောင်းအခန်းထဲက ထွက်သွားသည်။ထယ်ယောင်းကတော့ အိပ်ယာပေါ်မှာ ဘဲ အိပ်မှုံစုပ်ဖွားနဲ့ထိုင်နေတုန်း
ဖုန်းကို ကြည့်လိုက်တယ် gigiဆိုတဲ့ contactလေးကို အကြာကြီးကြည့်နေမိတယ်

"ညနေကြလာမယ်ပြောထားပြီ လာလည်းမလာဘူး"

ထမင်းစားဖို့အောက်ကို ဆင်းသွားလိုက်သည်

ကိုရီးယားကို ပြန်ရောက်ရောက်ချင်း ကုမ္ပဏီကိုဘဲတန်းသွားပြီး ကုမ္ပဏီ ရဲ့ Shareအစုတွေ စာရင်းဇယားတွေနဲ့ Shareရှင်တွေနဲ့ တွေ့ခဲ့တော့ လူကတော်တော်လေူနုန်းချိနေပြီ

"ဒီနေ့တနေကုန် မင်း အလုပ်တွေ တော်တော် လုပ်လိုက်တာ ဘဲ ဂျောင်ကုရေ"

ကိုယ့်ကိုကို ချီးကျူးစကားခြွေရင်း laptop ကိုဖွင့်ရင်း Kim berry channelလေးဆီသို့ ဦးတည်လိုက်သည်

ရိုက်ထားတဲ့ videoတွေက လက်ကလေးဘဲပြပြီ စာရွက်ခေါက်နေတာလေးတွေ

"ချစ်စရာကောင်းတယ်"

သဘောတကျပြုံးမိတယ်
အတွေးတခုလည်းဖြတ်ကနည်းဝင်လာတယ်

'ဂျောင်ကု မင်းဘာဖြစ်နေတာလဲသူ့ကို ကျေးဇူးရှင်မို့ ကျေးဇူးတင်ချင်တာလား ငါ့ကို ကယ်ခဲ့သူ တကယ်ဟုတ်မဟုတ် အသေချာ မသိဘဲနဲ့
ဒါမှ မဟုတ် မင်းသူ့ကို ကြိုက်နေတာလား ဟားမသိတော့ဘူး သေချာတာက တော့ သူ့ကိုတွေ့ရင် ငါပျော်တယ်'

မနက်ပိုင်းဆို ဆိုင်မှာက လူသိပ်မရှိ အေးအေးဆေးဆေးမို့ YouTube မှာ Live လွှင်နေတယ်
မန့်တွေ အများကြီးတက်လာတယ်

My Little World     ᵇʸ  Tulip_Koo(Unicode & Zawgyi)Where stories live. Discover now