7

55 5 4
                                    

Unicode

မှတ်ကျောက်တိုင်ဖြူဖြူလေးတွေ

မှတ်ကျောက်‌တိုင်ဖြူဖြူလေးတွေရဲ့ရှေ့မှာ ပန်းစည်းလေးတွေနဲ့ အမှတ်တရလေးတွေ

အဲ့အရာ လေးတွေရဲ့ သက်ဆိုင်သူတွေကတော့ နေရာတခုမှာ အေးချမ်းစွာအနားယူနေရောပေါ့

အဖြူရောင် Lily ပန်းလေးတပွင့်
ကို မှတ်ကျောက်တိုင်တခု ရှေ့မှာ ချကာ ဦးညွှန့်လိုက်သည်

_ဂျွန်ဒါမီ_
_အသက် ၄၇ _

ဒါ CEO ရဲ့အမေဖြစ်သူဖြစ်သည်
ကျနော်လည်း CEOနဲ့အတူ လိုက်ဦ်းညွှတ်လိုက်သည်

"မေမေ ကတော့အေးအေးချမ်းချမ်းအနားယူနေပြီပေါ့ သားအမေကြိုက်တဲ့ Lily အဖြူလေးလာပေးတယ် ပြီးတော့သား ကောင်းကောင်း ရှင်သန်နေပါတယ်
ပြီးတော့ အမေ့ရဲ့ ချွေးနဲ့ တည်ထောင်ခဲ့တဲ့ JTV entertainment မှာ ဦးစီးပြီးကြိုးစားနေတယ်ပါတယ် သားတာဝန်ကျေတယ်မလား"

CEO က မှတ်ကျောက်တိုင်ရှေ့က အမေဖြစ်သူရဲ့ ဓာတ်ပုံလေး‌ကို တစိမ့်စိမ့်ကြည့်ရင်း ပြုံးပြုံးလေးနှုတ်ဆက်နေသည်

"သားပြန်တော့မယ်နော် မေမေ"

ကားနောက်ခန်းမှာ ထိုင်နေတဲ့ CEO ကို ကျနော် အသံပြုလိုက်သည်

"CEO"

ကျနော့်ကိုပြန်ကြည့်ပါသည်

"ပြောလေထယ်ယောင်း"

"အခု လထဲ နိုင်ငံခြား ခရီးစဉ်ရှိပါတယ် England မှာရှိတဲ့ ရုံးခွဲကိုသွားရမှာ အစု ရှယ်ယာရှင် တယောက်ရဲ့ချိန်းဆိုမှုရှိတယ် Mr. JohnDan သူကအဲ့ရံုးခွဲရဲ့ အစုရှယ်ယာကို 45% ပိုင်ဆိုင်သူပါ ရုံးခွဲကို အဆင့်မြှင့်တင်ဖို့အတွက်ပါတဲ့"

"ဟုတ်ပြီလေ ထယ်ယောင်းပါလိုက်ရမှာမို့ အခုတလော ကျန်းမာရေးဂရုစိုက်ပါ"

"ဗျာ ..ဟုတ် ..ဟုတ်ကဲ့"

နေ့လည်စာကို ကျနော်ကဘဲပြင်ပေးရသည် ကျနော်လည်း သူနဲ့အတူစားရသည် ကန့်တင်းဘက်ကို လုံးဝမသွားခိုင်းပါ

အခုတလော dietလုပ်နေတယ်ဆို့လို့
Slack ‌ဘဲလုပ်ပေးရသည်

မင်းသားလည်းမဟုတ်မော်ဒယ်လည်းမဟုတ် diet လုပ်တယ်တဲ့

My Little World     ᵇʸ  Tulip_Koo(Unicode & Zawgyi)Where stories live. Discover now