11

50 3 3
                                    



Unicode

"ဟမ် ! ဟိုတယ်က ဒါလွန်လွန်းတယ်မလား..VIP roomကို ကြို check ပြီးသားကို ဒါ ဘယ်လို ပေါ့စမှုကြီးတုန်း!"

အလိုလိုမှ လေယာဉ်မူးလာလို့ စိတ်မကြည်ရတဲ့ အထဲ အခန်းက တစ်ခန်းဘဲရမယ်တဲ့ တကယ်ကိုစိတ်ညစ်စရာဘဲ

ထယ်ယောင်း သက်ပြင်းမောကြီးတချက်ချရင်း ဂျောင်ကုဆီသိုသွားလိုက်သည်

ဟိုတယ်ကိုရောက်ရောက်ချင်း ဖုန်းတွေက အဆက်မပျက်ဝင်လာလို့ ‌ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတာ

ထယ်ယောင်းကို လှမ်းကြည့်လိုက်တော့
English လို ပလုံးပထွေးလေးနဲ့ ရန်ထောင်နေတာကို တွေ့တယ်

ဂျောင်ကုတချက်ပြုံးမိရင်း ဖုန်းသာဆက်ပြောနေလိုက်သည်။

"CEO အခုက ပိတ်ရက်လည်း ပိတ်ရက်ပွဲတော်ရာသီဆိုတော့ အခန်းကို checkလုပ်ထားတာတောင်တစ်ခန်းဘဲရတော့တယ်ပြောနေတယ်"

"တစ်ခန်းတည်းရတော့လဲ ဘာဖြစ်လဲ တူတူနေရမှာပေါ့"

"ဗျာ"

ဂျောင်ကုက အဟက် ခနဲ့တချက်ရယ်ပြပြီး အခန်းကိုလိုက်ပြဆိုပြီး မျက်ဆံပစ်ပြသည်

VIP roomဆိုတော့ ကျယ်တော့ကျယ်သား ထယ်ယောင်းရဲ့အကြည့်တွေက နှစ်ယောက်အိပ် မွှေ့ယာကို အကြည့်မခွာပါ

ဂျောင်ကုထယ်ယောင်းကို ကြည့်တော့ တော်တော်ပင်ပန်းနေတာ လေယာဉ်မူးနေတာ လေယာဉ်ပေါ်မှာ လည်းသန့်စင်ခန်း။ခဏခဏသွားပြီး အန်နေတာ

အခုလည်း သူနားချင်နေတာ

"ထယ်ယောင်း နားချင်နားနေလိုက်ပါ ရုံးခွဲကို ညနေကြမှ သွားကြတာပေါ့"

"ဟုတ်"လို့ပြောပြီး ‌ထယ်ယောင်း ရေမိုးချိုးပြီး တချိုးတည်းအိပ်တော့သည်

ဂျောင်ကုကတော့ နှစ်နှစ်ခြိုက်အိပ်ပျော်နေတဲ့ ထယ်ယောင်းကိုကြည့်ပြီး တပြုံးပြုံးနဲ့သဘောကျနေမိ

"မင်းကတကယ်ကို ချစ်ဖို့ကောင်းတယ်.."

"ဟုတ်ကဲ့ အခုလို လက်တွဲပေးတာကျေးဇူးတင်ပါတယ် Mr. John Danရှေ့လျှောက်လည်းတူတူ လက်တွဲကြတာပေါ့"

My Little World     ᵇʸ  Tulip_Koo(Unicode & Zawgyi)Where stories live. Discover now