အခန်း (၂)

11 1 0
                                    

နံရံမှ အခန်းမီး ခလုတ်ကို လက်နှင့်စမ်းပြီး ဖွင့်လိုက်သည်။ အောင်ဇော်ထွေးက ဘာကိုမှ ကြောက်လေ့ရှိသူမဟုတ်။ သို့သော် ရှားရှားပါးပါး ပိုးမွေးသလို မွေးထားရသော သားငယ်လေး တခုခု ဖြစ်သွားမှာကိုတော့ သူစိတ်ပူသည်။ ခုလည်း အလင်းမှိန်မှိန်ထဲ အကောင်ပလောင် ဖြစ်နေမှာစိုးသဖြင့် မီးဖွင့်ပြီး အခန်းထဲ ရှာရမည်။

အခန်းမီးကို ဖွင့်လိုက်တော့ ဘာမှမရှိ။ ပုံမှန်အတိုင်းသာ။ အိပ်ရာထဲမှ သားငယ်က တချက်လွန့်သွားပြီး ဘယ်ညာ ပြောင်းသည်။ အောင်ဇော်ထွေးက ရောက်လက်စနှင့် သားငယ်ကို ဒိုင်ဘာလဲပေးဖို့ ပြင်သည်။ ကလေးရယ်သံလို တခစ်ခစ် ကြားရပြန်သည်။ လှည့်ကြည့်လိုက်တော့ ဘာမှမရှိ။ လုပ်စရာ ရှိတာ အမြန်လုပ်ပြီး ကလေးကို ဘောင်းဘီ ပြန်ဝတ်ပေးရင်း ပရိတ်ရေကုလင်းကို ဆွဲကာ အခန်းအနှံ့ကို ပက်လိုက်တော့ ကြားနေရသည့် အသံက ငြိမ်သွားသည်။

သူ့စိတ်ထဲ မသိူးမသန့် ခံစားနေရမှုက လျော့ပါးသွားသည်။ သေချာအောင် ဘီရိုနောက်၊ စားပွဲအောက်နှင့် အဝတ်ဟောင်းခြင်းဘေး အရိပ်ကျသည့် နေရာများကို ကြည့်သည်။ ဘာမှ မရှိတော့မှ ညအိပ်မီး ပြန်ထွန်းကာ သူတို့လင်မယားနှစ်ယောက် အိပ်ခန်းဘက် ကူးလာလိုက်တော့သည်။ မနက်ကျလျှင်တော့ ဒီအိမ်ကြီးအကြောင်း မေးကြည့်ရဦးမည်ဟု စိတ်ထဲတေးထားရင်း အိပ်ရာဝင်ခဲ့တော့သည်။

******

"မဟေမာ... ဒီအိမ်ကြီး‌အကြောင်း ကျနော့်ကို ပြောပြပါလား"

အိမ်ဝယ်စဉ်က ပွဲစားမိန်းမကို ဆက်သွယ်မရသဖြင့် အရပ်ထဲ နှံ့နှံ့စပ်စပ် ရှိသူ အပျိုကြီး မဟေမာထံ ဖုန်းဆက်ပြီး မေးနေခြင်း ဖြစ်သည်။ သူမ‌အဖေက ရပ်ကွက်လူကြီး လုပ်ခဲ့ဖူးသဖြင့် အရပ်ထဲ လူအဝင်အထွက် သိသည်ဆိုလျှင် မမှား။

"ဘာဖြစ်လို့လဲ အောင်လေးရယ်။ အခုမှ အထူးအဆန်းတွေ လုပ်ပြီး လာမေးနေတယ်။"

"နည်းနည်း ထူးဆန်းနေသလားလို့ပါ။"

"ဟဲ့ ဘာတွေဖြစ်လို့လဲ။"

အောင်ဇော်ထွေးက ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တော့ အပျိုကြီးမှာ ပါးစပ်‌အဟောင်းသား။

Baby BluesWhere stories live. Discover now