အခန်း (၆)

5 1 0
                                    

မေက ညရန်ပွဲ အရှိန်မပြေသေး။ အောင်ဇော်ထွေးကို အရေးမလုပ်။

သူအိပ်ရာထဲမှ ထွက်မည်အပြု ခုတင်ဘေးရှိစားပွဲပုလေးတွင် တင်ထားသော ဟန်းဖုန်းက ထမြည်သည်။ ဆက်သည့်သူ နာမည်ကို ကြည့်လိုက်တော့ မဟေမာ။

"ဟဲ့ အောင်အောင်...ခုထိ မထသေးဘူးလား။"

"အင်း ဟုတ်တယ် အမ။ ညက အိပ်တာ နောက်ကျလို့။"

"အဟင်းဟင်းဟင်း..."

ဘာကြောင့်မှန်းတော့ မသိ မဟေမာက ခပ်တိုးတိုးရယ်သည်။

"ဘာရယ်တာလဲ အမ။ ကျနော်ညက ဘော်ဒါတွေ စုံသွားလို့ နည်းနည်းနောက်ကျသွားတာကို ပြောတာ။"

"အေးပါဟယ်။ ငါကလည်း ဘာပြောနေလို့လဲ။"

"ထားပါတော့။ ဒါနဲ့ အမဖုန်းဆက်တာ ဘာကိစ္စလဲ။"

"ဟဲ့... နင်မေးထားတဲ့ ကိစ္စတွေ သိရလို့ ဖုန်းလှမ်းဆက်တာ။"

"ပြောပါဦး အမ။ သိရတာ မြန်လှချေလား။"

"နင့်ကိစ္စ ကြောက်စရာကြီးဆိုတော့ ငါအမြန်ဆုံးရအောင် မေးမြန်းကြည့်ရတာပေါ့။"

"ဟုတ်။ ကျေးဇူးတင်ပါတယ် အမရယ်။"

*****

ထိုအိမ်ကြီးကို ၁၉၇၀ နှောင်းပိုင်း မှောင်ခိုခေတ်က သူဌေးကြီးတစ်ဦးက ဆောက်ခဲ့ခြင်း ဖြစ်၏။ မြို့စွန်ရှိ ခြံကြီးက သူဌေးကြီး ဦးဘ‌ေသာ် အပိုင် ဖြစ်သော်လည်း အများအားဖြင့် ခြံထဲသို့ အဝင်အထွက်ပြုသည့် ပစ္စည်းသယ်ပို့ လုပ်ပေးသော ဂျစ်ကားများမှလွဲ လူအဝင်အထွက် မရှိသလောက်ပင်။

သူဌေးကြီးက ပိုက်ဆံရသည့်အလုပ် အကုန်လုပ်သည်။ ‌နယ်စပ်မြို့နှင့် မှောင်ခိုကုန်ကူးသည်။ လောင်းကစားဝိုင်းထောင်သည်။ ကောလဟလများအတိုင်းသာ ဆိုပါက ဓါးပြတိုက်၊ မူးယစ်ဆေး ဖြန့်ချိရေး စသည့်အလုပ်ပေါင်းစုံ အကုန်လုပ်သည်။

မြို့ထဲတွင်တော့ လူ‌အများ ကြည်ညိုသည့်၊ လူမှုရေးနှင့် အလှူအတန်းတိုင်း လက်မနှေးသည့် သူဌေးကြီး ဖြစ်သည်။ မြို့ထဲနေရာအနှံ့တွင် သူပိုင်တိုက်ခန်းများက လက်ညှိုးထိုးမလွဲ ရှိနေ၏။

Baby BluesWhere stories live. Discover now