အခန်း (၁၀)

5 1 0
                                    

သူတို့တွေ ခြံထဲ ဝရုန်းသုန်းကား ဖြစ်နေကြစဉ် အပြင်ဘက်မှ လှမ်းကြည့်နေသူ တစ်ဦးရှိ၏။ ထိုသူက ခြံဝင်းအပြင် လမ်းဘေးတွေင် တဲထိုးကာ နေသော အဘိုးကြီး ဖြစ်၏။

သူက အထဲမှ အခြေအနေကို ခြံစည်းရိုး အပြင်ဘက်မှ လှမ်း‌ေချာင်းကြည့်ရင်း ခေါင်းတညိတ်ညိတ်ဖြင့် သူ့တဲကလေးဆီ ပြန်ဝင်သွား၏။

‌ရေတွင်းပျက်ကြီးက ခေါ်နေပြန်ပြီထင့်။

******

၁၉၃၈ ခုနှစ်။

နေသာသော နေ့တစ်ရက်။

ပေါလ်က ခြံထဲဆင်းဆော့နေ၏။ ဒက်ဒီက သတင်းစာဖတ်နေရာမှ ထပြီး အိပ်ခန်းဆီ တက်သွားသည်။

မမ ရှယ်လီက အိမ်ပေါ်ထပ်တွင် သန့်ရှင်းရေး လုပ်နေသည်။

ပေါလ်က ခြံထဲ ကစားနေရင်း ‌ဒက်ဒီနှင့် မာမီတို့ အိပ်သည့် အိပ်ခန်း အောက်ဖက်သို့ ရောက်လာပြီး မော့ကြည့်လိုက်တော့ ဒက်ဒီနှင့် မမရှယ်လီတို့ ပူးပူးကပ်ကပ် ရှိနေကြသည်။

ပေါလ် စိတ်ထဲ ညက ပြဇာတ်အကြောင်း ပြန်ပြောပြနေသည်ဟုသာ ရိုးရိုးကလေးတွေးလိုက်မိသည်။

ခဏကြာတော့ မြို့ထဲဘက်မှ မာမာ ခရစ္စတင်း လန်ချားဖြင့် ပြန်ရောက်လာ၏။ မပေါ့မပါးနှင့်မို့ ခရစ္စတင်းခမျာ ‌ဖြည်းဖြည်းချင်း ဆင်းရ၏။ ပေါလ်က ကစားနေရာမှ မာမာကို ပြေးတွဲသည်။

"သား... ဘာတွေလုပ်နေလဲ။"

"သား ရတနာတွေ ရှာတန်းကစားနေတာ မာမာ။"

"သား ဒက်ဒီရော။"

"အပေါ်မှာ မာမာ။"

"မမရှယ်လီရော။"

"အပေါ်မှာပဲ မာမာ။ သူတို့ ဆော့နေကြတယ်။"

"ဘာ..."

"ဟုတ်တယ်။ သားတို့ဆော့သလို စိန်ပြေးတန်း ဆော့နေတာလား၊ ဟာသပုံပြင် ပြောနေကြတာလား မသိပါဘူး။ ဒက်ဒီက မမရှယ်လီ့ကို အနောက်ကနေ ဖမ်းထားတော့ မမက တခစ်ခစ်ရယ်နေတာ တွေ့တာပဲ။"

"ဪ...ဟုတ်လား။"

ခရစ္စတင်းက အိမ်ပေါ်ထပ်အိပ်ခန်းဆီ ဒေါနှင့်မောနှင့် တက်သွားသည်။

Baby BluesМесто, где живут истории. Откройте их для себя