အခန်း (၉)

6 0 0
                                    

ခင်ဝေခက် ပိုင်ဆိုင်သော အပန်းဖြေ စခန်းကြီးမှ အောင်ဇော်ထွေးပြန်ရောက်တော့ ချိုနွယ်က အဝတ်လှမ်းနေသည်။ ‌ပြောင်းလာကတည်းက အဝတ်လှမ်းဖို့ နေရာကလေး လုပ်ပေးမည် တွေးထားသော်လည်း မေ့ပြီး ခုထိ လုပ်မပေးရသေး။ ချိုနွယ်က ရေတွင်း ဘေး ဘယ်ညာတွင် ပေါက်နေသော အုန်းပင်နှစ်ပင်ကို တန်းထားသည့် ကြိုးတန်းတွင် ကလေးအနှီးနှင့် စောင်များ လှမ်းနေ၏။

အောင်ဇော်ထွေး အိမ်ပေါ်တက်သွားတော့ မေ့ကို အိမ်ပေါ်ထပ် ဧည့်ခန်းထဲ သားငယ်လေးကို နို့တိုက်နေတာ တွေ့လိုက်ရသည်။ ဘေးတွင်တော့ ညက တွေ့လိုက်ရသည့် အရုပ်ကလေး။

"မေ.... အောင် ပြန်လာပြီနော်။"

မေက မကြားချင်ယောင်ဆောင်နေ၏။ ကြည့်ရတာ ခုထိ စိတ်ပြေပုံ မရသေး။

အောင်ဇော်ထွေးလည်း အဝတ်အစားလဲရန် အခန်းထဲ ဝင်လာလိုက်သည်။

ဖုန်းအားသွင်းရန် ဧည့်ခန်းဘက် ပြန်လျှောက်လာတော့ မေတို့ သားအမိကို မတွေ့။ သားငယ် အိပ်ပျော်သွားသဖြင့် မေ ကလေးကို အိပ်ရာထဲ သွားထည့်တာ ဖြစ်မည်။ ထူးဆန်းသည်က အရုပ်ကလေးပါ မရှိခြင်း ဖြစ်သည်။

သိပ်များများစားစား မစဉ်းစားနေတော့ဘဲ အောင်ဇော်ထွေးက တီဗွီဖွင့်ကြည့်ရန် ရီမုတ်ကွန်ထရိူးကို လှမ်းယူလိုက်စဉ် မသိစိတ်က သူ့ကို တယောက်ယောက်စိုက်ကြည့်နေသလို ခံစားလာရသဖြင့် အနောက်ဖက်သို့ ဆတ်ကနဲ လှည့်ကြည့်လိုက်သည်။

လား...လား။

ကော်ပတ်ရုပ်က သူ့ နောက်ကျောဘက် ‌ကြမ်းပြင်‌ေပါ် အခန့်သား မတ်တပ်ရပ်ရင်း သူ့ကို စိုက်ကြည့်နေခြင်း ဖြစ်၏။

ကြည့်နေရင်း အရုပ်က သံပတ်ပေးထားသလို လမ်းစလျှောက်သည်။

ဟင်...

အောင်ဇော်ထွေး စိတ်ထဲ ကြောက်စိတ်၊ ရွံမုန်းစိတ်တို့အပြင် ထူးထူးခြားခြား တွယ်တာစိတ်က တဖြည်းဖြည်း ကြီးထွားလာနေ၏။

ကြည့်နေရင်း အရုပ်ကလေး၏ မျက်နှာက လေး ငါးနှစ်အရွယ် ယောက်ျားလေးတစ်ယောက် မျက်နှာအဖြစ် ပြောင်းသွားပြီး တကိုယ်လုံးကလည်း ပီဘိ လူကလေးတစ်ယောက်အလား ပြောင်းလဲ‌လာသည်ဟု မြင်နေမိသည်။

Baby BluesWhere stories live. Discover now