(10) အ​သေနမ်းပစ်​မှာ !!

962 136 7
                                    

[Zawgyi Version]




" ​ရှောင်း ယိ ပင်း .. "

ကျောင်းမတက်​ခင်​ ​ပြေးလွှား​ဆော့ကစား​နေကြသည့်
သူများနှင့်​ဆန့်​ကျင်​စွာ ​ခပ်​​နွေး​နွေး​နေ​ရောင်​ခြည်​​အောက်
တွင်​ တစ်​​ယောက်​တည်းတိတ်​ဆိတ်​စွာ ​နေပူစာလှုံ​နေ​သော
ယိ ပင်း အနားသို့ တစ်​စုံတစ်​​ယောက်​က တကူးတကနှင့်
ရောက်​လာသည်​ ။

မြင်​ဖူး​သ​ယောင်​​ယောင်​ရှိ​သော်​လည်း ဘယ်​မှာမြင်​ဖူးမှန်း
မမှတ်​မိ ။ ယိပင်း ကသာ န​ဝေတိမ်​​တောင်​ဖြစ်​​နေတုန်း
တစ်​ဖက်​လူက​တော့ ရင်းနှီးသူများပမာ ယိပင်းအနား
ဆွေ့ခနဲဝင်​ထိုင်​သည်​ ။

ထို့​နောက်​ ယိပင်းဘက်​ကိုလှည့်​ကာ မျက်​လုံးများမှိတ်​ချသွား
အောင်​အထိ ပြုံးပြပြန်​၏ ။ အတုအ​ယောင်​မပါသလို
ပကတိကြည်​လင်​​တောက်​ပ​နေသည့်​ အပြုံးမျိုး ယိပင်း
တစ်​ခါမှမမြင်​ဖူး​သေး ။ အရင့်​အရင်​က​တော့ သူ့ကို
တစ်​စုံတစ်​​ယောက်​ကပြုံးပြချင်​ပြုံးပြလိမ့်​မည်​ ။ ယခုအချိျန်
မှာ​တော့ သူ့လိုလူတစ်​​ယောက်​ကို စိတ်​ရင်းအမှန်​နှင့်
ပြုံးပြမဲ့သူမျိုး မရှိ​တော့​ချေ ။

" ကိုယ့်​ ကို မမှတ်​မိဘူးလား ?? "

အမှန်​တကယ်​လည်း မမှတ်​မိတာမို့ ယိပင်း ဘာမှ
ပြန်​​ဖြေဘဲ နှုတ်​ဆိတ်​ခြင်းဖြင့်​ ဝန်​ခံလိုက်​သည်​ ။

" ​မမှတ်​မိလည်း ဘာမှမဖြစ်​ဘူး ။ အစကပြန်​မိတ်​ဆက်
လို့ရတာဘဲ ။ ကိုယ်​က ဟယ့်​မုချန်း ပါ "

" ဟယ့်​မုချန်း ... အာ .. "

ဒီကြားထဲ စိတ်​ရှုပ်​စရာကိစ္စများစွာဖြစ်​ပျက်​သွား​တော့
သူ့ကိုကူညီ​ပေးခဲ့သူကို တကယ်​​မေ့သွားခဲ့၏ ။ အကယ်​၍
တစ်​ဖက်​လူသာ သူ့ကို လာမနှုတ်​ဆက်​လျှင်​ ယိပင်း
လုံးဝသတိရ​တော့မည်​ မဟုတ်​ ။

" အဲ့​နေ့က ​ကျေးဇူးတင်​ပါတယ်​ "

" တအားသူစိမ်းမဆန်​ပါနဲ့ ကိုယ်​က ဒီနှစ်​မှ​ပြောင်းလာ
တာဆို​တော့ သူ ငယ်​ချင်းမရှိဘူး​လေ "

|| After 6 months || [Z+U]Where stories live. Discover now