(5) ငတုံး​လေး

1.9K 290 5
                                    

(Zawgyi Version)

နေ့လည်​ Break time ဆင်းချိန်​မို့ အထက်​တန်း
ငါးထပ်​တစ်​​ဆောင်​လုံး ဆူညံ​နေသည်​ ။ ​လေးထပ်​​မြောက်
ကော်​ရစ်​တာတွင်​​သာ လီ ရှန့်​ ရပ်​​နေ၍ ထိုတစ်​ထပ်​လုံး
အံ့သြဖွယ်​​ကောင်း​လောက်​​အောင်​ တိတ်​ဆိတ်​​နေသည်​ ။

တွန့်​ချိုး​နေ​သော မျက်​ခုံးလှလှ​လေးနှင့်​အတူ
လီ ရှန့်​ ၏ မျက်​နှာမှာ အလွန်​အမင်း သုန်​မှုန်​​နေသည်​ ။
ရန်​သူ​ဟောင်းများ ရန်​လာစလျှင်​​တောင်​ ယခု​လောက်​အထိ
စိတ်​အ​နှောင့်​အယှက်​မဖြစ်​ဖူးသည့်​သူက ​​အ​ဆောင်​​ရှေ့ရှိ
ဆိုင်​ကယ်​ , စက်​ဘီများထားရာ ​နေရာကို ငုံ့ကြည့်​ရင်း
လီ ရှန့်​ ၏ စိတ်​အ​ခြေအ​နေမှာ ပိုလို့ပင်​ ဆိုးဝါးလာ၏ ။

" လီ ရှန့်​ ?? "

သူ့နာမည်​​ခေါ်သံနှင့်​ သူ့အနား​သို့​လျှောက်​လာသည့်
ခြေသံကို ကြား​နေရ​သော်​လည်း လီ ရှန့်​ ၏ အကြည့်​သည်
သူ့ ဆိုင်​ကယ်​ နှင့်​ သူ့ဆိုင်​ကယ်​နားတွင်​ ရပ်​​နေ​သော
လူတစ်​​ယောက်​ထံတွင်​သာ အကြည့်​များ ​ကျောက်​ချထား
သည်​ ။

" ဘာကြည့်​​နေတာလဲ ?? ဟင်​ .. အဲ့တစ်​​ယောက်​က
နေခင်း​ကြောင်​တောင်​ ကို ဆိုင်​ကယ်​ခိုးမလို့လား !!?? "

နဂိုကတည်းက စိတ်​မကြည်​မလင်​ဖြစ်​​နေသည့်
လီ ရှန့်​ သည်​ ထိုစကားကိုကြား​တော့ ​အေးစက်​စက်
မျက်​နှာ​သေဖြင့်​ သူ့​ဘေးကလူကို ​စောင်းကြည့်​လိုက်​၏ ။

နှုတ်​ခမ်းဖျားကို အနည်းငယ်​တွန့်​​ကွေးကာ ရယ်​မြူးရိပ်
သန်း​နေသည့်​ တစ်​ဖက်​လူ၏မျက်​ဝန်းများတွင် ​လီ ရှန့်​ အား
စ​နောက်​ချင်​စိတ်​များ လျှုံထွက်​​နေသည်​ ။

" ​ရှောင်း ယိ ပင်း ကို အနိုင်​မကျင့်​ရ​တော့
ပျင်းစရာ​ကောင်းလိုက်​တာ "

" လီ ချန်း !! "

လီ ချန်း ဆို​သော ​မြေ​ခွေး​ကောင်​သည်​ လီ ရှန့်​ ၏ ​ဒေါသကို
ဆွ​ပေးရာတွင်​ လွန်​စွာထူးချွန်​သည်​ ။ အကယ်​၍သာ
လီ ချန်း က စံပြ​ကျောင်းသား​ကောင်းဟူ​သော ဂုဏ်​ပုဒ်
ရှိမ​နေလျှင်​ လီ ရှန့်​ တစ်​​ယောက်​ ထို​မြေ​ခွေး​ကောင်​ကို
ဆွဲထိုးပြီး​နေ​လောက်​​ပြီ ။

|| After 6 months || [Z+U]Where stories live. Discover now