Special One :

1.6K 271 54
                                    

(Zawgyi Version)

"အင်္ကျီလဲလိုက်​​လေ .. "

အခုအချိန်​အထိ စိတ်​နှင့်​လူနှင့်​ ကပ်​လိုက်​ မကပ်​လိုက်
ဖြစ်​​နေသည့်​ ယိပင်းမှာ သူ့ပခုံးကို တစ်​​​ယောက်​​ယောက်
လာပုတ်​မှ အနားတွင်​ လီ ချန်း ရှိ​နေ​သေး​ကြောင်း
သတိရလိုက်​သည်​ ။

" ဘာလို့ လီ ရှန့်​ က .... "

မေးသင့်​မ​မေးသင့်​ ချိန်​ဆ​နေ၍ ယိ ပင်း ထို​မေးခွန်းကို
အဆုံးထိမ​ပြောဖြစ်​လိုက်​ ။ လီ ချန်း ကို အကဲခတ်​သည့်
အ​နေနှင့်​ တစ်​ချက်​ကြည့်​လိုက်မိ​တော့လည်း ​သူ့ ထံ၌သာ
မြဲမြံစွာအကြည့်​စွဲထားပုံ​ပေါ်​ကာ ရယ်​မြူးရိပ်​သန်း​နေသည့်
မျက်​ဝန်းများက ယိ ပင်း ကို ​အ​တွေးနက်​​စေသည်​ ။

" ဘာလို့ လီ ရှန့်​ က မင်းကို ကူညီတာလဲ ဆိုတဲ့
အ​ကြောင်းသိချင်​ရင်​ သူ လာမှ ​မေးကြည့်​​တော့ .. ။
ကိုယ်​က လီ ရှန့်​ မဟုတ်​​တော့ သိမ​နေဘူး​လေ "

နူးညံ့ပြီး စိတ်​ရှည်​ရှည်​နှင့်​ ရှင်းပြ​နေသည့်​ လီ ချန်း ​ကြောင့်
ယိ ပင်း ၏ တင်းကျပ်​​နေသည့်​စိတ်​များမှာ မသိလိုက်
မသိဘာသာနှင့်​ ​ပြေ​လျော့သွားပြီး ​​​​လော့ကာခန်းကို
မှီကာ သက်​ပြင်းဖွဖွချလိုက်​သည်​ ။

" လီ ရှန့်​ က မင်းကို အန္တာရာယ်​ပြုမှာမဟုတ်​ပါဘူး ။
စိတ်​​အေး​အေးထားလို့ရတယ်​ "

လီ ချန်း က သူ စိတ်​သက်​သာ​​ရာရအောင်​ဘဲ ​ပြောသည်
လားမသိ​ပေမဲ့ တစ်​ဖက်​လူ၏ ​လက်​ဖဝါးက​တော့ ယိ ပင်း
၏​ခေါင်းကို ခပ်​ပွပွပွတ်​သပ်​​ကာ နှစ်​သိမ့်​​ပေး​နေသ​ယောင်​ ။

" ဆံပင်​​တွေ စို ​နေတယ်​ .. တစ်​ခါတည်း
အိမ်​ပြန်​လိုက်​ပါ​တော့လား ယိ ပင်း ။ ကိုယ်​ ​နေ့တစ်​ဝက်
ခွင့်​တိုင်​​ပေးထားမယ်​ "

" ရတယ်​ ။ ငါ မင်း ကို အလုပ်​မရှုပ်​​စေချင်​ဘူး "

" ဒီလူ နဲ့ ဒီလူ ဒါ​တွေ​ပြောစရာလား ။ ဘာမှစိတ်​မပူနဲ့
အိမ်​ဘဲ​ကောင်း​ကောင်းပြန်​ .. ဟုတ်​ပြီလား "

|| After 6 months || [Z+U]Where stories live. Discover now