(8) သူက ငါ့လူ !!

1.8K 265 22
                                    

(Zawgyi version)


ညအ​မှောင်​သည်​ ကံ​ကောင်းမှုအချို့အား တိုက်​စားသွား
သည်​ ။ တိတ်​ဆိတ်​ပြီး လူပြတ်​​သောလမ်းကြားထဲတွင်
လူရိပ်​အချို့သည်​ မ​ကောင်းမှုတစ်​ခုအား ဝါးမြို​တော့မည့်
ဟန်​နှင့်​ စိတ်​တက်​ကြွလှုပ်​ရှား​နေကြ၏ ။

သို့​သော်​ ထိုအုပ်​စုလိုက်​လူရိပ်​များမှာ စီ​ကျွေးအထက်​တန်း
ကျောင်းဟူ​သော စာတန်းပါသည့်​ရင်​ထိုးများကို ဆင်​တူ
ချိတ်​ထားကြပြီး တူညီ​သောအထက်​တန်း​ကျောင်းဝတ်​စုံများ
က လင်းထင်း​နေသည့်​ လမ်းမီးတိုင်​​အောက်​တွင်
တရားခံ​ဖော်​ပြီးသားဖြစ်​​နေသည်​ ။

ည ကိုးနာရီထိုးခါနီးဟူ​သောအချိန်​မှာ အသက်​မပြည့်
သေး​သော အထက်​တန်း​ကျောင်းသားများအတွက်
မမြင်နိုင်သည့်​​​​​အန္တာရာယ်​များအား ဖိတ်​​ခေါ်​နေသကဲ့
သို့ပင်​ ။

စက်​ဝိုင်းပုံဝိုင်းပတ်​ပြီးမတ်​တပ်​ရပ်​ ဝန်းရံထားသည့်
လူငယ်​ငါး​ယောက်​အလယ်​တွင်​ လက်​​နောက်​ပြန်​ကြိုး
တုတ်​ပြီး ဒူး​ထောက်​လျက်​သား ​​ခြောက်​​ယောက်​​မြောက်
လူငယ်​​လေးတစ်​​ယောက်​ရှိသည်​ ။

" ငါ နဲ့ မင်း ရန်​ငြိုးရှိလို့လား ?? "

ဒေါသအရိပ်​အ​ငွေ့မပါဘဲ တည်​ငြိမ်​ပြီး ပုံမှန်​​စကား​ပြော
သည့်​​လေသံနှင့်​ သူ့ကို ​မော့ကြည့်​ပြီး ​မေးလာသဖြင့်
နဂိုပြုံးရိပ်​သန်း​နေသည့်​ လီ ချန်း ၏ အပြုံးမျက်​ဝန်းများမှာ
လမ်းမီးတိုင်​အလင်း​ရောင်​​အောက်​တွင် ​တစ်​လက်​လက်
တောက်​​သွားသည်​ ။

လီ ရှန့်​ မှတ်​ချက်​​ပေးထားသလို လီ ချန်း ၏ အပြုံး​တွေ
လှ​လေ အသက်​ဝင်​​လေ နှစ်​လိုဖွယ်​​ကောင်း​လေ
အန္တာရာယ်​များ​လေ ပင်​ ။ လီ ရှန့်​ ​ပြော​ပြောတက်​တဲ့
" မင်း က မျက်​နှာနှစ်​ဖက်​နဲ့​ကောင်​ " ဟူ​သော စကား
က လီ ချန်း ၏ စရိုက်​ကို ​ဖော်​ပြရန်​အတွက်​အ​ကောင်းဆုံး
အသုံးအနှုန်းဖြစ်​ပုံရ၏ ။

" မရှိဘူး "

" အဲ့ဒါဆို ဘာလို့ ငါ့ကို တိုက်​ခိုက်​တာလဲ "

|| After 6 months || [Z+U]Where stories live. Discover now