(12) ကိုယ် မင်းကို ကာကွယ်ပေးမယ်

600 78 4
                                    

[Unicode Version]












'' ရို့ ညီငယ်လေး အချိန်မှန်လှချည်လား ''

စပ်ဖြဲဖြဲမျက်နှာပေးနှင့် လီရှန့်ကို စနောက်ဖို့ကြံနေတဲ့
မြေခွေး​ကောင်အား ဥပေက္ခာပြုကာ လီရှန့်၏အကြည့်
များက တစ်ယောက်သောသူထံ၌သာ ကျောက်ချထား
သည် ။

ပွင့်လင်းပြီးစူးရဲနေသည့် လီရှန့် ၏အကြည့်များကို
ထိုတစ်ယောက်သောသူကလည်း ခံစားမိသည်ထင်
ပြန့်ကားပြီးအောက်ကို စိုက်ကျနေတဲ့မျက်တောင်ရှည်
များက တစ်ဖျက်ဖျက်ခတ်နေပြီး ဖြူဖွေးနုဖက်နေ
သည့်လက်ချောင်းချောင်းသွယ်သွယ်လေးများကလည်း
ကျောင်းဘောင်းဘီကို တင်းကျပ်နေအောင် ဆုတ်ကိုင်
ထားသည် ။

'' အကြည့်လေးနည်းနည်းလျှော့ .. ဟိုက အကြောက်
လွန်ပြီး လန့်သွားဦးမယ် ''

'' အင်း ''

ပါးစပ်ကသာ အင်းပြုလိုက်ပေမဲ့ လီရှန့်၏မျက်ဝန်း
အစုံက အနည်းငယ်တောင် မရွေ့လျား ။ လီရှန့်ဟာ
တစ်စုံတစ်ရာအပေါ်ကို ပိုင်ဆိုင်လိုမှုကြီးထွားသွားပြီ
ဆို ထိုအရာလေးအပေါ် အာရုံစိုက်မလွှဲတော့ ။
မျက်စိအောက်က အပျောက်မခံနိုင်သလို ပျောက်ဖို့
အခွင့်အရေးလည်းမပေးချေ ။

'' ​ရှောင်းယိပင်း ထွက်လာခဲ့တော့ ။ နေ့လည်စာ
သွားစားမယ် ''

လီရှန့်မခေါ်ခင်အထိ တုပ်တုပ်မလှုပ်ဘဲ တောင့်တောင့်
ကြီးထိုင်နေတဲ့ ​ရှောင်းယိပင်း မှာ ထိုစကားနောက်တွင်
ခေါင်းအနည်းငယ်မော့ကာ ငြင်းဆန်လိုသည့်
အပြုအမူသေးသေးကို ပြသည် ။ သို့သော် လီရှန့်
မျက်လုံးအောက်တွင် အပြတ်ငြင်းရဲပုံမပေါ် ။
အနည်းငယ် ချီတုံချတုံဖြစ်ပြီးမှ ဖြေးညှင်းစွာထရပ်ပြီး
အခန်းအပေါက်ဝဆီလျှောက်လာသည် ။

နေ့လည် Breaktime အချိန်တိုင်း တန်းခွဲတစ်ကို
တကူးတကသွားပြီး ​ရှောင်းယိပင်း အား လီရှန့် သွားခေါ်
တက်ကြောင်းကို အထက်တန်းတန်းခွဲအကုန်လုံး
လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက သတင်းပြန့်
နေပြီးသားဖြစ်သည် ။

လီရှန့် သည် သူ၏ ရုပ်ရည်ကြောင့် နာမည်ကြီးသူမို့
​ရှောင်းယိပင်း ကို လီရှန့် ပိုးပန်းနေသည်ဟူသော
ကောလဟာလ မှာ တစ်ရက်တောင်မကူး ဘဲ
တစ်ကျောင်းလုံး ပြန့်သွားသည် ။ အစပိုင်းတွင်တော့
လူတော်တော်များများက မယုံကြပေမဲ့ တန်းခွဲတစ်ကို
လီရှန့် နေ့တိုင်းရောက်သွားပြီးနောက်ပိုင်း ကောလဟာလ ကနေ အမှန်ဖြစ်လာသည် ။

|| After 6 months || [Z+U]Where stories live. Discover now