(6) မင်း အဆင်​​ပြေရဲ့လား ??

1.8K 296 16
                                    

(Zawgyi Version)

အိပ်​​ရေးပျက်​မှုနှင့်​အတူ အဖျား​ငွေ့​ရေး​ရေး​ကြောင့်
ယိ ပင်း ၏ ခန္ဓာကိုယ်​ မှာ အ​တော်​​လေးကို အ​ခြေအ​နေ
မဟန်​ ။ လုံးဝချုံးချုံးကျသွားတာမျိုးမဟုတ်​​ပေမဲ့
ခေါင်းမူးသလိုလို ​ခေါင်းကိုက်​သလိုလို လူက အားနည်း​နေ
သလိုလိုနှင့်​ တစ်​ချက်​တစ်​ချက်​ မျက်​လုံးများပြာ​ဝေသွား
သည်​ ။

သို့​​သော်​လည်း အိပ်​ယာထဲ ​ခွေ​ခေါက်​မ​နေချင်​၍
ဆေး​အကူနှင့်​ပင်​ သူ ကျောင်း​ရောက်​သွား၏ ။
ဖြူ ​ဖက်​ဖြူ ​ရော်​ သူ့မျက်​နှာကို​တော့ လူမမြင်​​အောင်
ဖုံးဖိစရာမလိုခဲ့ ။ ​ရှေ့ဆံပင်​များက လုံ​လောက်​​သော
အကာအကွယ်​ဖြစ်​ပြီးသားမို့ အနည်းငယ်​ ​ခေါင်းငုံ့လိုက်
ရုံဖြင့်​ ယိပင်း ​မေ့မလဲမချင်း သူ ​နေမ​ကောင်းဖြစ်​​နေမှန်း
မည်​သူမှ သိကြမည်​မဟုတ်​ ။

မနက်​ပိုင်းတစ်​ခင်းလုံး​တော့ ​​ခေါင်းမူးရုံ​လောက်​သာ မို့
အ​ခြေအ​နေမဆိုးလှ ။ Break time ဆင်းချိန်​ တုန်းက
အစာနှင့်​​ဆေးထပ်​​သောက်​ထား​သော​ကြောင့်​ ​​ခေါင်းကြည့်
လာ​ပေမဲ့ အဖျား​ငွေ့က မကျသွား ။ တစ်​ကိုယ်​လုံး
ပူကျစ်​​လာပြီး ရှူ ထုတ်​သည့်​​လေကအစ ပူ​နွေး​နေသည်​ ။

ကျောင်းဆင်းချိန်​လည်း​ရောက်​​ရော ပင်​ပန်းနွမ်းနယ်​မှု
အရှိန်​နှင့်​ ကိုယ့်​ခန္ဓာကိုယ်​​တောင်​ ကိုယ်​မသယ်​ချင်​​တော့ ။
တစ်​ကိုယ်​လုံးကိုင်​ရိုက်​ထားသလို နာကျင်​ကိုက်​ခဲ​နေပြီး
စောင်​​အောက်​ထဲ တိုးဝင်​ချင်​စိတ်များသာ ရှိသည်​ ။

" ​ရှောင်း ယိ ပင်း .. "

အနားယူချင်​စိတ်​များ ပြင်းထန်​​နေ​သော​ကြောင့်
သူ့နာမည်​​ခေါ်သံကြားလိုက်​ရချိန်​တွင်​ ယိ ပင်း ၏
မျက်​ခုံးတစ်​စုံမှာ ဆံပင်​အနက်​​ရောင်​များ​အောက်​တွင်
လျှို့ဝှက်​စွာ တွန့်​ချိုး သွားသည်​ ။

ဘယ်​သူလဲဟု ​တွေးချင်​စိတ်​ရှိမ​နေ၍ ခပ်​မြန်​မြန်​ပင်
သူ ​နောက်​လှည့်ကြည့်​လိုက်​​တော့ နှုတ်​ခမ်း​ထောင့်​စွန်း
များ​ကွေးညွတ်​ကာ ပြုံး​နေသည့် လီ ချန်း က သူ့အား
နှစ်​လိုဖွယ်​​ကောင်းစွာ နှုတ်​ဆက်​၏ ။

|| After 6 months || [Z+U]Where stories live. Discover now