အသက်တမျှ (one shot)

1.7K 118 28
                                    

" ကိုကို...မျက်နှာချင်းဆိုင် အခန်းကို လူပြောင်းလာတာနဲ့ တူတယ် ၊ အသံတွေ ဆူလိုက်တာ "

" ဟုတ်တယ် မိုးသု ၊ မနက်အစောတည်းက ပစ္စည်းတွေ တင်နေကြတာ ၊ ကိုကိုတောင် နည်းနည်း စပ်စုလိုက်သေးတယ် ၊ သားအမိနှစ်ယောက်တည်းနေမှာတဲ့ ၊ အမေနဲ့ သားနဲ့ပဲ နေမှာလို့ပြောတယ် ၊ ကောင်လေးကလဲ မိုးသုတို့အရွယ်ပဲ "

" သြော် ..."

" မိုးသု ကိုကို... ကော်ဖီလဲဖျော်ထားပြီးပြီ ၊ ဟင်းကတော့ဘဲဥဟင်းပဲ ချက်ထားတယ်နော် ၊ အချိန်မရတော့လို့လေ ၊ ပြန်လာမှ ငါ့ညီလေးအတွက် ကြက်ကင် ဝယ်လာခဲ့မယ် "

" မဝယ်ခဲ့နဲ့... ကိုကို ၊ ကျွန်တော် မစားချင်လို့ "

လကုန်ခါနီးဆိုရင် ကိုကို့မှာ ပိုက်ဆံနည်းနေမှာ ။ ညီအစ်ကို နှစ်ယောက်စာ ရုန်းကန်နေရတဲ့ အစ်ကိုဖြစ်သူကို အတတ်နိုင်ဆုံး ကူညီပေးချင်ပေမဲ့ မျက်စိအမြင်ကွယ်နေတဲ့ မိုးသုကျော်အတွက် အရာရာဟာ စိတ်သွားတိုင်းကိုယ်မပါနိုင် ။ ဒါတောင် အခုနေတဲ့ တိုက်ခန်းလေးက အပိုင်ဖြစ်နေလို့ ။ ငှါးနေရရင် တိုက်ခန်းငှါးခနဲ့တင် ကိုကို အတော်လေး ဒုက္ခရောက်မှာ ။

" ကိုကို အလုပ်သွားတော့မယ် မိုးသု ၊ တံခါးကို ဘာကြောင့်မှ မဖွင့်နဲ့နော် ၊ ခေတ်ကြီးက ကောင်းတာ မဟုတ်ဘူး "

" စိတ်ချသွားနော် ကိုကို ၊ ကျွန်တော် တံခါး မဖွင့်ဘူး "

မိုးသုတို့ နေသည့် တိုက်ခန်းသည် အတွင်းတွင် သစ်သားတံခါးတပ်ထားသကဲ့သို့ သံဘာဂျာတံခါးတစ်ခုကိုလည်း အပြင်မှ တပ်ထားသေးသည် ။ မိုးသု တံခါးနှစ်ခုလုံး သော့ခတ်ပြီးသွားမှ တိုက်အောက်ဆင်းတတ်သည်က ကိုကို့အကျင့် ။ မိုးသု ဘာဂျာတံခါးကို သော့ခတ်နေစဉ်မှာပင် နားအတွင်းသို့ ဝင်ရောက်လာသည့် အသံချိုချိုလေး ။

" အစ်ကို အလုပ်သွားတော့မှာလား "

" ဟုတ်တယ်... ညီလေး ၊ အန်တီရော "

" အမေက အထဲမှာ ပစ္စည်းတွေ နေရာချနေတယ် "

ကိုကိုနဲ့ အပြန်အလှန် နှုတ်ဆက်နေသံ ။ ကိုကိုပြောတဲ့ မျက်နှာချင်းဆိုင်အခန်းမှထင်ပါရဲ့ ။ လူသံလေးတွေ ကြားရတော့ သိပ်ပြီးအထီးမကျန်တော့ဘူးလို့ ခံစားရတယ် ။ ခြောက်ထပ်တိုက် အပေါ်ဆုံးမှာနေတဲ့ မိုးသုအတွက် ကိုကို အလုပ်သွားနေတဲ့အချိန်တွေက ပျင်းဖို့ကောင်းလွန်းတယ် ။ ဘာမှလဲ လုပ်စရာမရှိ ။ အပူလောင်မှာစိုးပြီး ကိုကိုက မနက်အစောထပြီး တစ်နေကုန်စားဖို့ ချက်သွားနေကျ ။ အချိန်တန် ရေချိုး ၊ ကိုယ်ဝတ်ထားတဲ့ အဝတ်လေးတွေလျှော် ၊ ထမင်းစားသောက်ပြီးတာနဲ့ ရေဒီယိုလိုင်းတွေဖွင့်ပြီး သီချင်းနားထောင် ၊ သတင်းနားထောင် ။ ဒီလို ဘဝနေထိုင်ပုံမျိုးနဲ့ ကျော်ဖြတ်လာရတာ သုံးနှစ်ကျော်နေပြီ ။ ကြာတော့လဲ မျက်လုံးကွယ်နေတယ်ဆိုတဲ့ ဖြစ်ရပ်ဆိုးကြီးကို မေ့ထားဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ် ။ ကံကြမ္မာ စေညွှန်းတဲ့အတိုင်း ကနေရတဲ့ လူသားတွေဆိုတော့လဲ ကံစီမံရာအတိုင်းပဲပေါ့ ။
*****
တိုက်အောက်မှ ပစ္စည်းများကို အပေါ်ဆုံးအထပ်သို့ ရောက်အောင်တင်ရသည်မှာ တော်တော် ပင်ပန်းသည် ။ ပစ္စည်းသိပ်မများ၍သာ တော်တော့၏ ။ ကောင်းယံပင်ပန်းသကဲ့သို့ အမေလည်း ပင်ပန်းနေမည် ။ စုထားသမျှ ပိုက်ဆံအားလုံး အသုံးပြု၍ ဝယ်ထားသည့်တိုက်ခန်းလေး ။ တစ်သက်လုံး အိမ်ငှါးဘဝနှင့်နေခဲ့ရ၍ ယခုကဲ့သို့ ကိုယ်ပိုင်အိုးအိမ်နှင့် နေရသည်ကို ကောင်းယံ ကြည်နူးမိသည် ။ ကောင်းယံက လူငယ်ဖြစ်သည့်အတွက် ကိစ္စမရှိသော်လည်း အမေကတော့ အတက်အဆင်း ခက်ပေလိမ့်မည် ။ ညစာစားဖို့အတွက် ပြင်ဆင်နေတဲ့ အမေ့ကို...

One ShotWhere stories live. Discover now