ကိုယ့်ချစ်သည်း ဒီ (One Shot)

608 58 15
                                    

" ရှမ်းပြည်က လူကြီး ...ဗျို့... ရှမ်းပြည်ကလာတဲ့ လူကြီး "

နားထဲသို့ စူးရှစွာ ဝင်လာသည့် အော်ခေါ်သံ ။ နေ့တိုင်းကြားနေကျ အသံ ။ မကြားချင်ယောင်ဆောင်နေမည်ဟု မည်မျှပင် ကြံရွယ်ထားသည်ဖြစ်စေ ခြေထောက်နှစ်ချောင်းကတော့ အိမ်ထဲကထွက်ပြီး တစ်ဖက်ခြံစည်းရိုးနားသို့ ရောက်ရှိသွားပြီ ။ ကျွန်တော်ထွက်အလာကို မျက်လုံးအပြူးသားနှင့် စောင့်ကြိုနေသည့်ကောင်လေးက စိတ်အတော်လေး တိုနေသည့်ပုံစံပင် ။ ဖြူဖွေးနေသော အသားအရေက ဒေါသကြောင့် ခပ်ရဲရဲပင်ဖြစ်နေသည် ။ ခြံစည်းရိုးပေါ် ကျွန်တော် လက်နှစ်ဖက်လုံး တင်လိုက်ပြီး

" ဘာဖြစ်လို့ အဲဒီလောက်အော်နေတာလဲ ၊ ခုနစ်အိမ်ကြား ရှစ်အိမ်ကြားနဲ့ ၊ ပြော...ဘာဖြစ်ပြန်ပြီလဲ "

" ခင်ဗျားနဲ့ ကျွန်တော့်ကြားမှာ ဖြစ်စရာ ဘာအကြောင်းရှိလို့လဲ ၊ သိသိချည်းနဲ့ လာမေးနေတယ် ၊ ခင်ဗျားကောင် ကျွန်တော့်သမီးကို ကိုက်ဖို့လုပ်တာ ၊ ကလေးမှာ အိမ်ကို အမောတကောပြေးလာရတယ် ၊ ကိုယ့်ကောင်ကိုယ်ထိန်းနော် ၊ ကျွန်တော်ပြန်လုပ်မှ ခွေးနဲ့ ပြိုင်ဖြစ်တယ် မပြောနဲ့ "

" မင်းကြောင်ကျတော့ သမီးတဲ့ ၊ ငါ့သားလေးကျတော့ အကောင်တဲ့ ၊ နောက်ပြီး ငါ့သားက မင်းတို့အိမ်ထဲလာတာလား ၊ မင်းကြောင် စပ်စလူးက ငါ့အိမ်ထဲ ဝင်လာတာလား ၊ ကိုယ့်ကြောင်ကိုယ်ထိန်းလေ ၊ ခွေးနဲ့ကြောင်ဆိုတာ ဘယ်တော့မှ တည့်တာ မဟုတ်ဘူး ၊ တွေ့ရင်တော့ ကိုက်မှာပဲ "

" ခင်ဗျား... လူကြီးက လူကြီးစကားပြော ၊ အစကတည်းက ကျွန်တော့်သမီးက ဒီအိမ်ကို ဝင်ထွက်နေကျ ၊ မစာနာတတ်တဲ့လူ ပြောင်းလာမှ ကျွန်တော့်သမီးမှာ စိုးတထိတ်ထိတ်နဲ့ နေနေရတာ"

"မင်းပြောမှပဲ ငါလဲ လူဆိုးဖြစ်ရပြီ ၊ မင်းကြောင်ကို လှောင်အိမ်ထဲ ထည့်ထားလိုက်ပါလား ၊ အဲဒါဆို ဘာပြသနာမှ မဖြစ်တော့ဘူးလေ ၊ နှစ်ဦးနှစ်ဖက် အဆင်ပြေသွားတာပေါ့... မကောင်းဘူးလား "

ကျွန်တော့်စကားလဲဆုံးရော မျက်လုံးနှစ်လုံးက ပြူးလာတာများ ရယ်ချင်စရာပါ ။

"ခင်ဗျား...ခင်ဗျား ၊ လာတိုင်မှာကြည့်နေ ၊ အန်တီနန်းနဲ့ကို လာတိုင်မှာ ၊ ကျွန်တော့်ကို အနိုင်ကျင့်တဲ့အကြောင်း လာတိုင်မှာ ၊ ကျွန်တော်နဲ့ ခင်ဗျား အသက်ဒီလောက်ကွာတာကို အလျှော့ပေးမယ် မရှိဘူး ၊ ခင်ဗျားရဲ့ ရှမ်းပြည်ကို ပြန်တော့ "

One ShotWhere stories live. Discover now