မြတ်နိုးရသော ခေါင် ( one shot)

887 79 8
                                    

တွေ့တဲ့သူတော်တော်များများက ကျွန်တော့်ကို လူချောတစ်ယောက် အဖြစ် သတ်မှတ်တာ ခံရတဲ့အထိ ကျွန်တော်က ကြည့်ကောင်းတယ် ။
မျက်လုံးပြာပြာ ၊ ဆံပင် နီညိုရောင်လေး ၊ မျက်နှာကျလှလှနဲ့ အရပ် ခြောက်ပေတစ်လက်မ ရှည်တဲ့ လူဖြူချောလေး ။
ကျွန်တော်က ခပ်အေးအေး နေတတ်တဲ့ လူစားမျိုးထဲမှာပါတယ်လို့ပြောရမယ် ။
ကျွန်တော်တို့ နိုင်ငံက ယောက်ျားလေးတွေနဲ့ မတူတဲ့ အကျင့်စရိုက်ရှိတယ်ပေါ့ ။
ပါတီတွေတက်တာထက်စာရင် ကိုယ့်အိမ်မှာပဲ နေရတာကို ပိုနှစ်သက်တယ် ။ စာအုပ်ကလေးတွေဖတ်မယ် ၊ ကျွန်တော့်အလုပ်နဲ့
သက်ဆိုင်တဲ့ websiteတွေ ဝင်ကြည့်မယ် ၊ တစ်ခါတစ်ရံကျရင် ပန်းခြံထဲမှာ လမ်းလျှောက်မယ် ။
ကျွန်တော်တို့ဆီမှာက အားလပ်ရက်တွေဆိုရင် ကမ္ဘာလှည့် ခရီးထွက်တာများတယ် ။
ကျွန်တော်လဲ တစ်ခါမှ မရောက်ဘူးတဲ့ အရှေ့တိုင်းကိုပဲ လည်ပတ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ် ။
အပေါင်းအသင်းတွေရဲ့ အကြံပေးချက်အရ မြန်မာပြည်ကို လည်ပတ်မယ်ပေါ့ ။
Tour Companyနဲ့ပဲ ချိတ်လိုက်ရတယ် ။
အစိမ်းသက်သက် လည်ပတ်တာထက်စာရင် guideနဲ့သွားတာက ပိုအဆင်ပြေမှာလေ ။
ခရီးတွေ ထွက်နေကျဆိုတော့ အထူးတလည် စိတ်မလှုပ်ရှားပါဘူး ။
လေဆိပ်ကိုရောက်တော့ ဧည့်သည်ကြိုတဲ့ နေရာမှာ ရပ်နေတဲ့ ယောက်ျားလေး တစ်ယောက်က မြင်လွှာထဲ ဝင်လာရဲ့ ။
လက်မှာလဲ ကျွန်တော့်ပုံနဲ့ နာမည်ပါတဲ့ bannerကိုင်ထားတယ် ။
အသားက ခပ်ညိုညို ဆံပင်နက်နက်လေးတွေနဲ့ အရပ်က ကျွန်တော့်ထက်တော့ ပုမယ် ။
ကျွန်တော့်ကိုလဲတွေ့ရော ဝမ်းသာအားရ ပြေးလာပြီး

"Mr. William " ပါလားလို့ မေးတယ် ။

အသံထွက်ကလဲ တော်တော်ကောင်းတာ ။

"ကျွန်တော့်နာမည်က ခေါင်ပါ ။ Mr. William မြန်မာပြည်မှာ လည်ပတ်ဖို့် ကျွန်တော်ကို တာဝန်ပေးထားတာပါ "

လို့ပြောတဲ့မျက်ဝန်းတွေက အရောင်တလက်လက် တောက်ပနေပြီး စကားပြောရင် ပေါ်လာတဲ့ သွားချွန်ချွန်လေးတွေကလဲတစ်မျိုး အမြင်ဆန်းတယ် ။ ကိုယ့်အလုပ်ကို အကောင်းဆုံးကြိုးစားမယ်ဆိုတဲ့ ယုံကြည်မှု့တွေကလဲ မျက်ဝန်းအိမ်ထဲမှာ အပြည့် ။

One ShotWhere stories live. Discover now