ကောင်းကင်လိုလူ ( One Shot)

598 76 7
                                    

အခြားသူများ၏ ကောင်းကင်သည် တိမ်ရောင်စုံရှိနေလိမ့်မည် ။ တစ်ခါတလေလည်း သက်တံရောင်စုံ ပေါ်ထွန်းနိုင်သေးသည် ။ သို့သော်လည်း သူ့ကောင်းကင်ကဖြင့် အမည်းရောင် သီးသန့်သာ ။ မည်သည့်အရောင်မှ မပါဝင်သော အမည်းသီးသန့် ။

ကလေးဘဝကတည်းက အမြဲလိုလို ကြားခဲ့ရသော စကားသည် "ဆေးဖိုးလိုတယ် " ဟုသာ ။ ဆေးဖိုးဆိုတာ ဘာကိုပြောမှန်း အဲဒီအရွယ်ကတော့ မသိခဲ့ဘူး ။ မမြင်ချင်ဆုံးမြင်ကွင်းသည် မေမေ အရိုက်ခံရခြင်းပင် ဖြစ်၏ ။ သူများတကာတွေ သူတို့ရဲ့ အဖေဖြစ်သူကို ချစ်ပေမဲ့ သူကတော့ သူ့အဖေကို လုံးဝမချစ် ။ မေမေ့ကို ရိုက်တာအားမရရင် သူကိုပါ ဆောင့်ကန်တတ်တဲ့ အဖေ ။ အဲဒီထက် ပိုစိတ်တိုတဲ့အခါဆိုရင်တော့ ကိုင်ပေါက်ခံရတယ် ။ သိပ်နာတာပဲ ။ လုပ်ချင်တာလုပ် ၊ သူလိုချင်တဲ့ ပိုက်ဆံကို မရမက တောင်းပြီးရင် အိမ်ကနေ ပျောက်သွားတတ်တာပဲ ။ အဲဒီအချိန်တွေမှာတော့ မေမေနဲ့သူ ပျော်ခဲ့တယ် ။ မနက်အစော မေမေနယ်ပေးတဲ့ ပဲပြုတ်နဲ့ထမင်းကိုစားပြီး အိမ်နားက ကျောင်းကို လွယ်အိတ်အစုတ်လေးလွယ်ပြီး သူတစ်ယောက်တည်း ခြေကုန်သုတ် ပြေးတာပဲ ။ မုန့်ဖိုးဆိုတာကလည်းမရတာ ခပ်များများ ။

အခြားကလေးများကို သူတို့၏ မိဘများ ကျောင်းလိုက်ပို့သည်ကိုမြင်တ်ိုင်း သူ သိပ်အားကျသည် ။ သူ့ကိုလည်း မေမေ ကျောင်းလိုက်ပို့ပေးလျှင် သိပ်ကောင်းမည်ဟု တီးတိုးရေရွတ်ခဲ့သည်ကလည်း အကြိမ်ပေါင်းမနည်း ။ သို့ပေမဲ့ သူ ထုတ်မပြောဖြစ်ခဲ့ ။ မေမေက အားမှမအားတာ ။ မနက်ကတည်းက ပိုက်ဆံရှိသည့်အိမ်များတွင် အဝတ်လိုက်လျှော်ရသည်လေ ။ ရေနှင့်ဆပ်ပြာကို အမြဲကိုင်တွယ်ရသဖြင့် မေမေ့လက်များသည် တွန့်လိမ်နေတတ်သည် ။ လက်ကြားမှာလည်း အနာများ ဖြစ်နေတတ်သေး၏ ။

သူ ငါးတန်းနှစ်တွင် ရပ်ကွက်ထိပ်ရှိ ပန်းချီဆရာဦးလေးကြီးသည် သူ့ကိုပန်းချီ သင်ပေးသည် ။ ပိုက်ဆံတစ်ပြားမှ ပေးစရာမလိုပေ ။
ပန်းချီဆွဲနေရလျှင် သူ ကျန်သည့်စိတ်ညစ်စရာများကို မေ့သွားတတ်သည် ။ သူချစ်ရသည့် အကောင်ငယ်လေးများ ၊ ပန်းပင်များကိုသာ ဆွဲနေရလျှင် ထမင်းမေ့ဟင်းမေ့ ။

One ShotDonde viven las historias. Descúbrelo ahora