မိုးသားကြည်လင် ( One Shot)

603 71 67
                                    

အသည်းကွဲနေတယ် ။ ပိုးစိုးပက်စက် မဟားတရားကို အသည်းဟက်တက်ကွဲနေတဲ့ ကျွန်တော်ရယ်ပါ ။

အသက်သုံးဆယ်နားကပ်မှ ရှားရှားပါးပါး ချစ်သူလေးတစ်ယောက် ရရုံလေးပဲ ရှိသေးတယ် ။ ကျွန်တော့်ထက် ဆယ်နှစ်ငယ်တဲ့ ချစ်သူလေးက ကျွန်တော်က ပျင်းဖို့ကောင်းတယ်တဲ့ ။ ချစ်သူထားရတာနဲ့ မတူဘဲ အဖေတစ်ယောက် ထပ်ရလိုက်သလိုတဲ့ ။

ကျွန်တော့်မှာတော့ ချစ်လိုက်ရတာ ။ မထိရက် မကိုင်ရက် ။ ဘာလေးတော့ လိုမယ် ။ ဘယ်လိုဘယ်ပုံလေးတော့ သူလိုတာလေးတွေကို ဖြည့်တင်းပေးလိုက်မယ် ။ အမြဲတမ်း ခေါင်းထဲထည့်ထားတာကို ။ သူကတော့ ရက်ရက်စက်စက်စကားတွေပြောပြီး လမ်းခွဲသွားရော ။ ဝမ်းနည်းလိုက်တာ ။ ကြီးမှပေါက်တဲ့ ဝက်သက်က ပိုနာတယ်လို့ ပြောကြသလိုပဲ ။ ကျွန်တော်လဲ အသည်းကွဲဒဏ်ကို ကုစားဖို့ ခရီးထွက်ဖို့ ဆုံးဖြတ်ရရော ။

အဝေးပြေးကားကွင်းမှာ ကျွန်တော်တစ်ယောက်တည်း ငိုင်တိုင်တိုင်နဲ့ ။ အသည်းကွဲဒဏ်ရာကို ပြင်ဦးလွင်မှာ သွားဖြေဖျောက်မယ်ပေါ့ ။

ကျွန်တော့်ဘေးခုံမှာ လာထိုင်တဲ့ ကလေးတစ်ယောက် ။ ဖြူဖြူပြည့်ပြည့်လေးရယ် ။ ကျွန်တော့်ကိုလဲ သွားအကုန်ပေါ်အောင် ရယ်ပြပြီးတော့

" ကိုကိုကြီး...သား ကားလက်မှတ်ဝယ်ချင်လို့ ၊ ဘယ်မှာဝယ်ရမလဲဟင် "

ဘုရား ဘုရား... သူ့ကိုယ်သူ သားတဲ့ ။ ကျွန်တော်ကလဲ အဲဒီလောက် အိုနေတာ မဟုတ် ။ စကားမပြောချင်တာနဲ့ လက်မှတ်ရောင်းတဲ့ နေရာကိုပဲ လက်ညှိုးထိုးပြလိုက်တယ် ။ သူ့ကျောပိုးအိတ်လေးကို ပြန်လွယ်ပြီးတော့ လက်မှတ်ရောင်းတဲ့နေရာကို လုံးလုံး လုံးလုံးနဲ့ ပြေးသွားတဲ့ ကောင်လေး ။

ခဏနေတော့ ကျွန်တော့်ဘေးက ခုံမှာ ပြန်လာထိုင်တယ် ။ ဒီအရွယ်ကလေးက တစ်ယောက်တည်း ခရီးသွားမှာလား ။ မိဘတွေမပါဘူးလား ။ အရာရာကိုလိုက်ပြီး စိတ်ပူတတ်တာက ကျွန်တော့်အကျင့် ။ အဲဒါကြောင့်လဲပါမယ်ထင်ပါရဲ့ ။ တစ်ဦးတည်းသော ချစ်သူကောင်မလေးက ကျွန်တော် မိန်းမကြီးလို လိုက်တွေးလိုက်ပူတတ်တာကို စိတ်အပျက်ဆုံးပဲတဲ့ ။ တွေးရင်းနဲ့ ဝမ်းနည်းလာပြန်ပြီ ။

One ShotWhere stories live. Discover now