Part 1

3K 131 11
                                    

Unicode..

" လမ်းခွဲကြရအောင် "

စကားအဆုံး ကြွေကျသွားတဲ့မျက်ရည်တစ်စက်....
ဆတ်ခနဲနာကျင်သွားတဲ့ နှလုံးသားတစ်စုံနဲ့အတူ အတင်းဝင်ရောက်လာတာက မယုံကြည်နိုင်မှု...
ဟင့်အင်း သူနောက်နေတာနေမှာ။

"အဟက်...နောက်စရာမှမဟုတ်ပဲ Ohmရယ်
ကစားချင်လည်း တခြားနည်းပြောင်းကစားကွာ
အလကားသက်သက် စိတ်ညစ်အောင်မလုပ်နဲ့"

"မဟုတ်ဘူး ဘေဘီ ကိုယ်နောက်နေတာမဟုတ်ဘူး
ကိုယ်တို့လမ်းခွဲဖို့ကို အတည်ပြောနေတာ..."

အကြောင်းပြချက်မရှိပဲ ဘာလို့ရုတ်တရက်ကြီးလဲ။
နှစ်နှစ်ကျော်တည်ဆောက်လာတဲ့သံယောဇဥ်က
ဒီလိုလွယ်လွယ်ဖြတ်ပစ်ဖို့မှမဟုတ်တာ..။
စချစ်တတ်တည်းက ငါ့ရဲ့အရာရာက မင်းနဲ့ပဲစတင်ခဲ့တာ။
ငါ့ရဲ့အချစ်ဦး ငါရဲ့အချစ်ဆုံး အရာအားလုံးနဲ့ယှဥ်ရင်တောင်
မင်းမျက်နှာကိုပဲ ကြည့်ပြီးရူးခဲ့တာ...မင်းမှမင်းဖြစ်နေခဲ့ရသမျှကမင်းထားခဲ့တာခံရဖို့မှမဟုတ်တာ...။
မဖြစ်ရဘူးလေအချစ်ရဲ့ မင်းငါ့ကိုတကယ်ခွဲသွားလို့မဖြစ်ပါဘူး။

"ဘာလို့လဲ Ohm အကြောင်းပြချက်ကဘာလဲ
မင်းမှာ အခက်အခဲတစ်ခုခုများရှိသလား...
ရှိရင်ငါတို့အတူတူဖြေရှင်းကြမယ်လေနော်...
စိတ်ညစ်တိုင်းလမ်းခွဲမယ်လျှောက်မပြောပါနဲ့ကွာ"

ကျောခိုင်းထားရာကနေ ကျွန်တော့်ကိုလှည့်ကြည့်တဲ့ သူ။
ဖြစ်နိုင်ရင်အချိန်တွေကိုဒီမှာပဲ ရပ်ထားပစ်လိုက်ချင်တော့တယ်။ မကြားချင်ဘူး သူဆက်ပြောလာမယ့်စကားတွေကို။
မကြားချင်ဘူးဆိုတာထက် မကြားရဲတာ...။

"မင်းသိလား ဘေဘီ။ တစ်ခါတလေမှာ အချစ်တစ်ခုတည်းနဲ့
ပြီးဆုံး မသွားနိုင်မယ့်အရာတွေရှိတယ်..ချစ်နေရင်တောင်
ရှေ့ဆက်တိုးမရနိုင်တော့မယ့်အခြေအနေတွေရှိတယ်။
ချစ်နေရင်တောင်ထုတ်ပြမရနိုင်တော့မယ်အခြေအနေတွေရှိတယ်.."

ဒဿနလိုလို ဝတ္ထုလိုလိုစာစုတွေကိုကျွန်တော့်ကိုရွတ်ပြတယ်။

"ဘာတွေအတွေးလွန်နေတာလဲOhm.. ငါရှိတယ်လေ
ငါက မင်းအခက်အခဲတွေရဲ့အဖြေမဟုတ်ဘူးလား...
ဒါမှမဟုတ်အဖြေကိုတူတူရှာလို့မရနိုင်ဘူးလား
မင်းတကယ်လို့ ပြသနာကြုံနေခဲ့ရင်လည်း
အတူတူ ရင်ဆိုင်ကြမယ်လေကွာ ငါ့ကိုဒီလိုမျိုးတွေထပ်ပြီး
မပြောပါနဲ့...ငါ...ငါတကယ်တောင်းပန်..."

𝐍𝐨 𝐌𝐨𝐫𝐞 𝐓𝐞𝐚𝐫 Where stories live. Discover now