Part 12

1K 70 17
                                    

"ဖြစ်ပါ့မလား"

"မဖြစ်စရာ ဘာရှိသလဲ လာပါကွာ"

Dream World အဝင်အဝမှာတင်
ကျီးကန်းတောင်းမှောက်သလို မျက်လုံးနဲ့​ဟိုကြည့်ဒီကြည့်နဲ့။
စိတ်လှုပ်ရှားနေသလို လက်ဖဝါးတွေပွတ်လိုက်
ဂုတ်ပိုးကိုပွတ်လိုက်ဖြစ်နေသူရဲ့ လက်ဖဝါးကိုဆွဲယူပြီး
လက်ချောင်းချင်းယှက်တော့ ရုန်းမထွက်ပဲငြိမ်နေတယ်။
လူကြားထဲ လက်ချင်းတွဲထားရုံနဲ့ ရှက်စရာမှမဟုတ်တာ။
မသိရင်ကိုယ်က သူ့ကိုဖက်နမ်းနေတာကျနေတာပဲ။
Nanon ဆိုတာအဲ့လို။
ဘာမဟုတ်တဲ့နေရာလေးတွေကအစသိပ်ရှက်တတ်တာ။

မနက်က ကျွန်တော်တို့နှစ်ယောက်အိပ်ယာကထတော့
10 နာရီတိတိ။ တကယ်တော့ အိပ်ယာကထချင်လွန်း၍မဟုတ်။ ဆာနေတဲ့ဗိုက်ကို ဆက်ပြီး လစ်လျူရှုလို့
မရတော့တဲ့အဆုံးမှသာ နှစ်ကောင်သား ရေမိုးချိုး
အဝတ်လဲပြီးထမင်းထွက်စားတာ။

ပြန်ခါနီး ဆရာသမားကိုဆေးခန်းဝင်ပြလိုက်ရသေးတယ်။
သူကအဆင်ပြေတယ်ပြောပေမယ့်
ကျွန်တော်မှအဆင်မပြေတာ။
တခါတလေကျ ခါးကိုလက်ဖက်နဲ့ကိုင်ပြီး
မသိမသာရှုံ့မဲ့သွားတတ်တဲ့မျက်နှာကိုမြင်ရင်
ကျွန်တော့်မှာ ထိုင်ရမှန်းမသိ ထရမှန်းမသိတိုင်တွေပတ်ရော။
မဟုတ်တာတစ်ခုခုလုပ်ထားလို့အဆူခံရမှာစိုးတဲ့
ခံစားချက်မျိုးကြီးနဲ့ကျွန်တော့်မှာ
တစ်မနက်လုံးနေလို့မကောင်း။
Nanon နာကျင်နေတာမြင်ရပြန်တော့
လူကချွေးတွေပြန်ပြီးစိတ်ထဲမနေနိုင်တော့တဲ့အဆုံး
ဆေးခန်းခေါ်လာခဲ့တာပဲ။
ဒီလိုအဖြစ်မျိုးတွေမကြုံချင်လို့
ကျွန်တော်အတတ်နိုင်ဆုံးစောင့်ထိန်းခဲ့တာပဲ။
ကျွန်တော်ကအဆင်ပြေပေမယ့်
ကျွန်တော့်မွေးချင်းအောက်ကကောင် က
မနေနိုင်ပဲတအားဆိုးသွမ်းနေတော့
ကျွန်တော်လည်းမထိန်းနိုင်တော့ဘူး။
အတတ်နိုင်ဆုံးညင်သာခဲ့ပေမယ့် သူ့ရဲ့
မာယာမဲ့ဆွဲ​ဆောင်မှုတွေနဲ့ ဟန်ဆောင်ခြင်းကင်းမဲ့စွာ
ထွက်ပေါ်လာတဲ့အသံတစ်ချို့မှာ ကျွန်တော်ခဏခဏ
စိတ်လွတ်သွားခဲ့ရတာ။

ဆေးခန်းမသွားဘူးလို့အတင်းငြင်းတဲ့သူ့ကို
ကျွန်တော်အောင်မြင်စွာပဲ ဆေးခန်းရောက်အောင်
ခေါ်လာခဲ့ပေမယ့် မွေးကတည်းက ဖြစ်နိုင်ရင်အဝတ်ဝတ်ပြီး
မွေးလာချင်တဲ့အထိအရှက်အကြောက်ကြီးတဲ့ဆရာသမားက
ဆေးခန်းကအပြန်ကားပေါ်ရောက်တာနဲ့ကျွန်တော့်ကို
စကားမပြောတော့ဘူး။

𝐍𝐨 𝐌𝐨𝐫𝐞 𝐓𝐞𝐚𝐫 Where stories live. Discover now