Part 10 🔞

1.6K 84 22
                                    

Mature Scene Alert🚫

Condo ရဲ့ ကား ပါကင်ကိုရောက်တော့
တကယ်မမူးပဲမူးချင်ယောင်ဆောင်နေတဲ့ဆရာသမားကို
ကားပေါ်ကဆွဲချရသေးတယ်။ ဘာမှမလုပ်တတ်တော့တဲ့ပုံစံနဲ့ ဂျစ်တိုက်နေတဲ့ လူဆိုးကို ခါးပတ်ဖြုတ်ပေးနေတုန်း ပါးကိုရွှတ်ခနဲတစ်ချက်လာနမ်းတယ်။ ငမူးက ဒါမျိုးကျမမူး။

ကားပေါ်ကဆင်းခိုင်းပြီး သူ့ဂျိုင်းအောက်ခေါင်းထိုးဝင်ပြီး
တွဲတော့ ကျွန်တော့်ကိုအလုံးစုံမှီတွယ်မထား။
သူ့ခန္ဓာကိုယ်အလေးကြီးကိုကျွန်တော် မနိုင်မှန်းသိတော့
ပခုံးကို တင်းတင်းကျပ်ကျပ်ဖက်ပြီးသာလိုက်လာတယ်။
မူးချင်ယောင်ဆောင်ပြီးအသားယူနေသူကို
ခိုးကြည့်ရင်းကျွန်တော့်မှာကြိတ်ပြုံးရသေးတယ်။

"Password ကဘာလဲ"

အခန်းရှေ့အရောက်မှာတော့ တံခါးဖွင့်ဖို့အရေး
ရင်ဘတ်ကိုပုတ်ပြီးမေးရတယ်။

"ဟီးဟီး"

အသားလွတ်ကြီးထရယ်ပြီး ကျွန်တော့်နှာဖျားကိုလာကိုက်တယ်။ ကျွန်တော်မေးတာနဲ့ သူ့လုပ်ပုံက ဘာမှလည်းမဆိုင်ဘူး။

" အုံပဝက်..... ငါမေးနေတာ Passwordက ဘာလဲလို့
မင်း အခန်းထဲမဝင်ပဲ ဒီမှာပဲအိပ်ချင်သလား"

နားရွက်ကိုနာနာလေးဆွဲလိမ်ရင်းပြောတော့ သူ့ရဲ့ကျားကိုးစီးစားမကုန်တဲ့ခန္ဓာကိုယ်ကြီးကိုတွန့်လိမ်ရင်း ပါးစပ်ကလည်း နာတယ်နာတယ်အော်နေသေးတယ်။

"ဖြည်းဖြည်းလုပ်ပါကွာ...."

"မဖြည်းနိုင်ဘူး မြန်မြန်ပြော ငါအိပ်ချင်နေပြီ"

"ဟင် အချစ်ကအိပ်ချင်နေပြီလား"

ကျွန်တော့်ပခုံးကိုသူ့ပခုံးနဲ့တွန်းတိုက်ရင်း ရယ်သံတဝက်နဲ့
ကျွန်တော့်ကိုလှမ်းစတယ်။ တကယ့်တကယ်မှာလည်း
မျက်နှာတွေပူပြီးရှက်သွားရတာကျွန်တော်။ သူဘာတွေလျှောက်တွေးနေတာလဲ ကျွန်တော်က တကယ်အိပ်ချင်တဲ့အကြောင်းကိုပဲပြောနေတဲ့ဟာကို။

"ဆက် ဂျစ်တိုက်နေရင်လည်းဒီမှာပဲနေခဲ့ ငါအိမ်ပြန်..."

စကားတောင်ဆုံးအောင်မပြောလိုက်ရ သူ့လက်မောင်းကြားထဲ ကျွန်တော့်ခန္ဓာကိုယ်ပါသွားတယ်။ ရုတ်တရက်မို့လူကကြောင်သွားသလို မြောက်သွားတဲ့ခန္ဓာကိုယ်ကြောင့်ရင်တွေပါတုန်သွားရတယ်။

𝐍𝐨 𝐌𝐨𝐫𝐞 𝐓𝐞𝐚𝐫 Where stories live. Discover now