Part 9

985 69 11
                                    

နောက်ကျောဆီမှ ပူနွေးစွာသိုင်းဖက်ခံလိုက်ရသော ခံစားချက်နှင့်အတူ ခပ်တိုးတိုး တောင်းဆိုလာသောအသံ။

"ကျေးဇူးပြုပြီးမသွားပါနဲ့ "

ပြောပြီးပြီးချင်းမှာပဲ ပိုတင်းကျပ်သွားတဲ့လက်တွေနဲ့အတူ
ကျွန်တော့်ခါးကို ကျစ်နေအောင်ဖက်ပြီး ပခုံးထက်မှာ
မျက်နှာလာအပ်တယ်။ ကျွန်တော့်စိတ်တွေလည်းရှုပ်ထွေးလာတယ်။ ကျွန်တော် သူ့ကိုထားပစ်ခဲ့ရမှာလား။ ဟင့်အင်း။
မသေချာတဲ့အခြေအနေကြီးမှာ သူနဲ့နောက်တစ်ကြိမ်ထပ်ဝေးသွားရလိမ့်မယ်။ Ohm Pawat ကျွန်တော့်အနားကနေ
နောက်တစ်ခေါက် ထပ်ပျောက်ကွယ်သွားလိမ့်မယ်။

ဒီလိုတွေးမိတော့ ပိုက်ဆံအိတ်ကိုချက်ချင်းလာမပေးခဲ့သင့်ဘူးဆိုတဲ့နောင်တက စက္ကန့်မခြားပဲကျွန်တော့်ဆီဝင်လာတယ်။
ပခုံးပေါ်မှစိုစွတ်ပြီးပူနွေးသောအထိအတွေ့တစ်ခုကို
ခံစားမိလိုက်တယ်။ Ohm က ငိုနေတာလား?
မငိုရဘူးလေကွာ။ ငါရှိနေရက်နဲ့ မင်းနောက်တကြိမ်ထက်မငိုရဘူးလေ အချစ်ရယ်။

စိုးရိမ်စိတ်နဲ့အတူ ခေါင်းကိုညာလက်နဲ့တွန်းမ ပြီးသူ့မျက်နှာကိုကြည့်ဖို့လုပ်တော့ လက်မခံပဲ ကျွန်တော့်ပုခုံးတွေပေါ်မှာပဲ
သူ့မျက်နှာကိုဝှက်ထားတယ်။ ငိုနေတာ အားရပါးရကိုငိုနေတာ။ ငိုချင်နေတဲ့ကလေးက ငိုစရာရင်ခွင်တွေ့သွားသလို
စိတ်ချမှုမျိုးနဲ့ ကျွန်တော့်ပခုံးပေါ်မှာ ရှိုက်ကြီးတငင်ကိုငိုနေတာ။

"တောင်းပန်ပါတယ် တကယ်အများကြီး တောင်းပန်ပါတယ်"

ငိုရှိုက်နေရင်းကနေ ပီပီသသထွက်ပေါ်လာသောတောင်းပန်သံ။ ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ဖူးတာမို့မတောင်းပန်စမ်းနဲ့ကွာ။

" မတောင်းပန်ပါနဲ့ မင်းမှာဘာအပြစ်တွေမှမရှိခဲ့ဘူးလေ"

ကျွန်တော့်စကားသံအဆုံးမှာ ပခုံးပေါ်ခေါင်းမှောက်နေတဲ့သူက ကျွန်တော့်ကို အံ့သြနေတဲ့မျက်ဝန်းတွေနဲ့ငေးကြည့်တယ်။
ငိုထားတာကြောင့်ရော အများကြီးသောက်ထားတာကြောင့်ရောမို့ နီရဲနေတဲ့သူ့မျက်ဝန်းတွေထဲ တခြားအရာတစ်ခုကို
ရှာတွေ့သွားတဲ့အခါ ကျွန်တော်တံတွေးတစ်ချက်မျိုချမိလိုက်တယ်။

𝐍𝐨 𝐌𝐨𝐫𝐞 𝐓𝐞𝐚𝐫 Wo Geschichten leben. Entdecke jetzt