Part 13

926 83 11
                                    

Dream World ထဲအဝ ပတ်ပြီး နှစ်ကောင်သားပြန်ထွက်လာတော့ Bkk စံတော်ချိန် 6:30 တိတိ။ ၃နာရီလောက်
ဟိုငေးဒီငေးနဲ့တစ်ယောက်ပခုံးတစ်ယောက်ဖက်ပြီး
ခြေရာချင်းထပ်လောက်တဲ့အထိ Dream World ထဲမှာ
မွှေ့နေခဲ့တာ။ မိန်းကလေးတွေများများစားစားရှိတဲ့
နေရာရောက်တိုင်း ကျွန်တော့်လက်တစ်ဖက်ကို ကျစ်နေအောင်လာဆုပ်ကိုင်တဲ့ Nanon က ဒီလို မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး အူတိုတက်သေးတယ်။

အရပ်အမောင်းကသိပ်ပြီးမကွာပေမယ့် သူ့ထက်ခန္ဓာကိုယ်အနည်းငယ်ပိုထွားတဲ့ ကျွန်တော့်ကို မော့မော့ကြည့်ပြီး
နှုတ်ခမ်းစူတတ်တဲ့သူ့ကို ကျွန်တော့်မှာမွှေ့ယမ်းပစ်ချင်လောက်တဲ့ထိ အူတယားယား။

ကျွန်တော်တို့ထူးဆန်းလွန်းနေတယ်မဟုတ်ဘူးလား။
တကယ်ဆို ကျွန်တော်တို့ပင်ပန်းခဲ့ကြတာ။ နှစ်ချီလမ်းခွဲခဲ့ကြပြီး ပြန်တွေ့ခဲ့ကြတာ။ ရုပ်ရှင်ထဲကလို တစ်ယောက်နဲ့တစ်​ယောက် အကြာကြီးဖက်ငိုတာမျိုးတွေလည်းကျွန်တော်တို့မလုပ်ကြဘူး။ ကျွန်တော်သိတာ ကျွန်တော်အခုအရမ်းပေါ့ပါးနေတယ်။ ဟုတ်တယ်။ သူနဲ့အတူအချိန်ဖြုန်းရခြင်းတွေမှာ
ကျွန်တော်နည်းနည်းလေးတောင် သက်သောင့်သက်သာမဖြစ်တာမျိုး မခံစားရဘူး။ သူ့လက်ကိုဆွဲပြီး Dream World ကိုပတ်ရခြင်းကပဲ တကမ္ဘာလုံးကို လက်ဆွဲပြီးခေါ်သွားနိုင်လောက်တဲ့အထိ အားအင်မျိုးတွေရစေတယ်။

အခုလည်းနာရီအတော်ကြာလမ်းလျှောက်ထားရလို့
ကျွန်တော့် ခြေထောက်တွေညောင်းကိုက်နေပြီ။ဒါပေမယ့်
ကျွန်တော်မမှုဘူး။ ကျွန်တော်သူနဲ့အချိန်အကြာကြီးကုန်ဆုံးချင်တယ်။ ဖာသိဖာသာနေရင်းအချိန်တွေကုန်သွားမှာကိုပဲ
ကျွန်တော်သေမလိုကြောက်နေတာ။ ကုန်ဆုံးသွားတဲ့အချိန်
အပိုင်းစလေးတွေကအစ ကျွန်တော်နှမျောတသကြီးလွန်းနေတာ။ အရင်ကတွဲခဲ့တုန်းကလို အိမ်နဲ့ကျောင်းမှာပဲ
အချိန်မကုန်ချင်ဘူး။ ဘယ်ထပ်သွားချင်လဲ Babe
လို့မေးလိုက်တော့ မင်းသွားချင်တဲ့နေရာလို့ ပြန်ဖြေတယ်။
အိမ်ရဲ့အငယ်ဆုံးကလေးကိုအလိုလိုက်နေရသလိုအကြည့်မျိုးနဲ့ ပြန်​ဖြေတဲ့ လေသံနုနုက တကယ်ပဲကျွန်တော်ဖြစ်ချင်တာ
မှန်သမျှ လိုက်လျောပေးမယ်ဆိုတဲ့အသွင်ကိုဆောင်တယ်။

𝐍𝐨 𝐌𝐨𝐫𝐞 𝐓𝐞𝐚𝐫 Where stories live. Discover now