Part 11

1K 70 14
                                    

ခါးအောက်ပိုင်းနာကျင်မှုနဲ့အတူ ဝမ်းဗိုက်ဆီကနာကျင်မှုကြောင့် ညသန်းခေါင်အလယ် Nanonတစ်ယောက်
ချွေးစေးတွေပြန်ပြီး နိုးလာရသည်။

နဖူးပြင်သို့ထိခတ်လာသော ထွက်သက်နွေးနွေးကြောင့်
နာကျင်နေသည့်ကြားထဲက နှစ်လိုအားရပြုံးနေမိလိုက်သေး၏။ ကျွန်တော့်အသွေးအသားတွေအထိပါ ပတ်သက်ခွင့်ရ၍ ငိုရှိုက်မိတဲ့အထိ သူပျော်နေသလို သူ့အတွက်
ကျွန်တော့်အသွေးအသားတွေကိုပေးဆပ်လိုက်ရ၍
ကျွန်တော်လည်း သူနှင့်အတူကြည်နူးမိသည်မှာအတိုင်းထက်အလွန်။ သဘောကျစိတ်ဖြင့်အိပ်ပျော်နေသူ၏
နဖူးကိုအသာအယာငုံ့နမ်းမိလိုက်သည်။

"မင်းကို ငါက ဒီလိုမျိုးချည်ထားမိလိုက်ပြီOhm"

ထို့နောက် နာနေသောဗိုက်ပြသနာကိုရှင်းဖို့ ကုတင်ပေါ်က
ဆင်းရသည်။ အိပ်နေတုန်းက တအားမသိသာပေမယ့်
လှုပ်ရှားမိသည့်အခါ နာကျင်မှုတို့ကသိသိသာသာတိုးဝင်လာသည်။ ခါးရိုးတစ်လျှောက် အောင့်မျက်နေသည့်တိုင် တစ်ချက်လှုပ်ရှားတာနဲ့ပိုသာလာသော နာကျင်မှုကြောင့်
အောက်နှုတ်ခမ်းကိုသာနာနာလေးဖိကိုက်ထားရ၏။ ထို့နောက် ကိုယ့်ခါးကိုယ်ကိုင်ကာ ဖြည်းဖြည်းချင်းမတ်တပ်ရပ်ရ၏။

ခန့်မှန်းထားသည်ထက် ပိုသာသောနာကျင်မှုကြောင့်
မျက်ရည်တွေပါဝဲလာရ၏။ ကြိုတင်ပြင်ဆင်မှုမရှိပဲ
ရုတ်တရက်ဖြစ်သော ပတ်သတ်မှုမှာ Lube(ချောဆီ)
နဲ့ Condon ဘာဆိုဘာမှအသုံးမပြုခဲ့ရသောကြောင့်
အစိမ်းလိုက်ကြီးဆက်ဆံထားသလိုဖြစ်နေကာ ခံစားရသော
နာကျင်မှုတို့ကလည်းကြာလေ ပိုသိသာလေ။

အိမ်သာထိရောက်အောင် လျှောက်လှမ်းရသောခြေထောက်တွေဟာလည်း ဟန်ချက်မညီပဲယိုင်တိယိုင်တိုင်။ ရေချိုးခန်းထဲရောက်တော့မှကိုယ့်ရုပ်ကိုမှန်ထဲပြန်ကြည့်ရင်း ရယ်မိသည်။ ဖွာလန်ကြဲနေသည့်ဆံသားတွေနဲ့အတူ လည်ပင်းသားမှာ အနီကွက်တစ်ချို့က ထင်ရှားနေ၏။

အိပ်ပျော်နေတုန်း အဝတ်အစားတွေပြန်ဝတ်ပေးထားတာဖြစ်မည်။ အိမ်သာပေါ်ထိုင်ချလိုက်မှ သူဆေးလိမ်းပေးထားမှန်း
သတိထားမိတော့သည်။ ရင်ထဲလှိုက်ခနဲဖြစ်သွားသည့်ခံစားချက်နဲ့အတူ မျက်ရည်တွေပါဝဲတက်လာ၏။

𝐍𝐨 𝐌𝐨𝐫𝐞 𝐓𝐞𝐚𝐫 Where stories live. Discover now