Part...2

7K 985 39
                                    

"ကျွန်တော်မျိုးကို...သေခွင့်ပေးပါ"

ထယ်ယောင်း၏မဝင့်မရဲလျှောက်တင်မူ့အပြီးဒေါသမျက်
ဝန်းတွေနဲ့သာလှည့်ကြည့်လာတဲ့ဂျောင်ကုရယ်။ခပ်တင်းတင်းစေ့ထားတဲ့နူတ်ခမ်းတွေကခပ်ထေ့ထေ့ပြုံးနေပြန်သည်။အံကိုကျိတ်လက်ကိုတင်းတင်းဆုပ်ထားသည့်ထိုလူ့ပုံစံမှာတစ်ကိုယ်လုံးငရဲမီးနဲ့မြှိက်ခံထားသည့်ပမာ။

"သေခွင့်...ကင်မ်ထယ်ယောင်း ခင်ဗျားမို့ဒီစကားကို
မျက်နှာပြောင်တိုက်ပြီးပြောထွက်တယ်၊ခင်ဗျားကလုပ်
ချင်တာလုပ်ပြီး...ငရဲမှာအေးအေးဆေးဆေးအနားယူ
မယ်ပေါ့၊တွေးတောင်မတွေးနဲ့...ခင်ဗျားကြောင့်ဂျီယာ
ဂုဏ်ငယ်ခဲ့ရသလို၊ခင်ဗျားကြောင့်နယ်စပ်ကပြည်သူလူ
ထုတွေတိုင်းတစ်ပါးလက်အောက်မှာဆင်းရဲဒုက္ခရောက်ခဲ့
တယ်၊ခင်ဗျားစိတ်...ခင်ဗျား​ကြောင့်ပဲကျုပ်ရဲ့ဖခမည်းတော်ကွယ်လွန်ခဲ့ရတယ်...ခင်ဗျားကြောင့်၊အားလုံးခင်
ဗျား​ကြောင့်ပဲ..."

လက်ညိူးတစ်ထိုးထိုးနဲ့ပြောလာတဲ့ဂျောင်ကုရယ်။ထယ်
ယောင်းထိုစကားလုံးတွေ၏ ဒဏ်ကိုခံနိုင်ရည်မရှိပါ။
သူကျိတ်မှိတ်ကာသည်းခံနေရုံမှအပဘာမှမတတ်နိုင်ခဲ့။
မျက်တောင်ဖျားလေးတွေကမျက်ရည်စိုစွတ်နေသည့်
တိုင် အေးစက်သောမျက်နှာထားကပြောင်းမသွား။

"ခင်ဗျားက အပြစ်ကြွေးတွေပေးဆပ်ဖို့စိတ်ကူးမရှိဘူး
လား၊သေဖို့လိပ်ပြာလုံတယ်ပေါ့...ဟမ်...."

ဂျောင်ကု ၏ မာဆတ်ဆတ်စကားသံကြောင့်ထယ်ယောင်းကိုယ်လေးတုန်ကနဲ။သူကအပြစ်ကြီးပြုလုပ်
ထားသည်မို့ရှက်စိတ်ရော၊သိမ်ငယ်စိတ်တွေပါရောပြွမ်း
ကာနူတ်ပိတ်နေရုံကလွဲဘာမှမတတ်နိုင်ခဲ့ပါ။ဂျောင်ကု
ကဘေးမှာချထားတဲ့သေရည်ခွက်အားယူကာတစ်ငုံသောက်ရင်းကြမ်းပြင်ပေါ်ထိုအရက်ခွက်အား...အားနဲ့
ပစ်ပေါက်လိုက်သည်။ခွမ်းကနဲမြည်သံနဲ့အတူကျောက်
စိမ်းရောင်ဖန်ခွက်လေးမှာတစ်စစီကွဲအက်ပြန်ကျဲသွား
ပြီးဂျောင်ကုရဲ့အနက်ရောင်ဖိနပ်တစ်စုံ၏နင်းချေခြင်း
ကိုခံလိုက်ရသည်။

"ခင်ဗျား...ကျုပ်ကိုမော်ဖူးစမ်း..."

ဂျောင်ကုအမိန့်ကြောင့်ထယ်ယောင်းမှာဂျီယာဧကရာဇ်
ဂျောင်ကု၏မျက်နှာကိုမော်ကြည့်လိုက်သည်။ထယ်
ယောင်း၏မျက်ဝန်းနက်များသည်အရင်ကလိုကြည်လင်
တောက်ပနေပြီးမျက်ခမ်းထောင့်စွန်းလေးသည်နီဆွေးနေသည်။အားနည်းကာစိတ်ထိခိုက်ပုံပေါ်နေတဲ့ထယ်ယောင်းသွင်ပြင်မှာဂျောင်ကုလိုချင်တဲ့အ​ခြေအနေအဆင့်
တစ်ခုထိတော့မရောက်။သူက သစ္စာဖောက်ထယ်ယောင်း
ရဲ့အမှားဝန်ခံ ခြင်းအကြောင်းပြချက်ကိုနားထောင်ချင်
ပြီးသူ့ခြေထောက်ကိုဆွဲဖက်ကာအသက်ရှင်ဖို့အတွက်ငို
ယိုတောင်းပန်ရုန်းကန်ရမည့်ပုံစံကိုမြင်ချင်တာ။

Legend Of Male Empress(Completed) Where stories live. Discover now