Part.26

4.7K 679 32
                                    

အခုတစ်လောရွှေနန်းတော်တွင်းတွင်သာမကဂျီယောတစ်နိုင်ငံလုံးကြားထိတ်လန့်ဖွယ်ရာသတင်းတစ်ပုဒ်ပျံလွင့်နေသည်။ထိုသည်က...ဝူဟိုက်နယ်စပ်တိုက်ပွဲတွင်သေလွန်ခဲ့ကြသောစစ်သားတွေရဲ့ဝိဥာဏ်များမကျွတ်မလွတ်ခြောက်လှန့်နေ
ကျခြင်းပင်။မြို့ကြီးဖြစ်သည်အလျှောက်ဂျီယော၏ညဘက်စျေးတန်းများကစည်ကားလှသည်။မီးပုံးများအစီအရီထွန်းထားတဲ့လမ်းမတစ်လျှောက် ပျော်ပွဲစားရုံများ၊အလောင်းကစားဝိုင်းများ၊အရက်ဆိုင်စသောက်ဆိုင်များဖြင့်စည်ကားလျှက်ရှိပြီးစျေးဆိုင်တန်များကြောင့်
လည်းလူတိုးမပေါက်နိုင်။ဒီလဆန်းရက်တွေအတွင်းဝူဟိုက်စစ်ပွဲနဲ့ပတ်သတ်ပြီးသစ္စာဖောက်ကင်မ်ထယ်ယောင်းအားရုံးတင်စစ်ဆေးမည်ဟုမောင်းခတ်ကြေငြာလိုက်သည်နှင့်ထိုသဘာဝလွန်ဖြစ်ရပ်ဆန်းကပေါ်ပေါက်လာခဲ့တော့သည်။

ထိုညများတွင်ဂျီယောမြို့ရိုးခံတပ်အနီးတစ်ဝိုက်မြင်းခွာသံ၊မြင်းဟီသံများကြားရတတ်ပြီးသွားပြေးကြည့်လျှင်ဘယ်သူမှရှိမနေ။မြို့အတွင်းစျေးတန်းများကြားကျင်လည်ကျက်စားတဲ့လမ်းဘေးခွေးတစ်ချို့မှာလည်းညဘက်အချိန်မတော်ကြီးအူတာမှစွဲစွဲင င်ငင်။ထို့ထက်ပိုဆိုးသည်ကအလှည့်ကျကင်းစောင့်ရသည့်အမူ့ထမ်းတွေတစ္ဆေ​ခြောက်ခံရတာဖြစ်ပြီးထိုတစ္ဆေသည်သွေးတွအလိမ်းလိမ်းထပ်နေသည်ဂျီယောစစ်တပ်ဝတ်စုံကိုဝတ်ဆင်ထားပြီးခေါင်းမပါကိုယ်ချည်းသာ။ ထိုခေါင်း
ပြတ်ကြီးဖြင့်ရွာရိုးကိုးပေါက်လျှောက်နေသောတစ္ဆေကိုဟိုနားဒီနားခဏခဏလူတွေမြင်ပါများသောအခါထိတ်လန့်ကြောက်ရွံကျပြီးဘယ်သူမှညဘက်အပြင်မထွက်ရဲကျတော့။လမ်းဘေးတစ်လျှောက်ဆိုင်ခန်းတွေရှေ့ချိတ်ဆွဲထားသည့်မီးပုံးကြီးတွေမှာစျာပနအခင်းအကျင်းတွေအလားညလေအတိုက်တစ်လွင့်လွင့်။

ပြောရရင်...ဂျီယောရွှေမြို့တော်က သရဲခြောက်တဲ့
မကောင်းဆိုးဝါးမြို့တော်ကြီးဖြင့်ရုတ်ချည်းပြောင်းလဲသွားသည်။လူအများကဒါကိုဧကရာဇ်ဆီသတင်းပို့သော်လည်းဘာမှမထူးခြား။ပြန်လည်တရားရုံးတင်ကာစစ်ဆေးမည့်ဝူဟိုက်စစ်ပွဲအမူ့ကြောင့် တိုက်ပွဲအတွင်းသေဆုံးခဲ့ကြသည့်စစ်သည်ဝိဥာဏ်များပြန်လည်နိုးထလာသည်ဟုယုံကြည်ကြသည်။ထိုနယ်ခြားစောင့်တပ်တွေသေလွန်ပြီးသည့်အခါ...မြေကြီးတွင်း
နက်နက်တူးပြီးစုပေါင်းသဂြိုလ်ခံရသလို၊တစ်ချို့ဆူဖြိုးတဲ့အလောင်းတွေကိုလည်းအဆိပ်ပိုးကောင်းတွေရဲ့အစာအဖြစ်ထိုးကျွေးခြင်းခံရသည်
ဟုယုံကြည်လာကျသည်။မကျေနပ်မူ့တွေ၊အမုန်တရားတွေပြည့်နှက်ပြီးသေဆုံးသွားတဲ့
စစ်သည်တို့သည်အငြိူးကြီးတဲ့သရဲတစ္ဆေတွေအဖြစ်ကူးပြောင်းသွားမည်ကိုတော့ပြောစရာမလိုတော့။

Legend Of Male Empress(Completed) Where stories live. Discover now