Part.21

4.6K 721 36
                                    

"မယ်မယ်....ကျွန်တော်မျိုးသေသင့်ပါတယ်၊လုပ်
ကြံမူ့မအောင်မြင်ပါဘူး"

ဂျူစစ်သူကြီးလျှောက်တင်မူ့အဆုံးမယ်တော်ကြီး
ဆိုဟီးမှာထောင်းကနဲဒေါသထွက်သွားရ၏။
ဘေးနားကရွှေကွပ်ထားသောအကြမ်းပန်းကန်ကို
ယူကာကြမ်းပြင်ထက်ပေါက်ခွဲလိုက်သည်ကခွမ်းကနဲ။

"အသုံးကိုမကျဘူး၊အဲ့တရုတ်ကလာတဲ့နှစ်ယောက်
ကိုမလုပ်ကြံနိုင်ဘူးဆိုရင်အားလုံးပေါ်ကုန်တော့မှာ
။ဒီအတိုင်းမင်းတို့တစ်မျိုးလုံးနဲ့ငါကသေမဲ့အချိန်
ထိုင်စောင့်နေရမှာလား"

အပြစ်တင်ဆူပူကြိမ်းမောင်းသံကြီးကဟိန်းကနဲ။
ဟုတ်ပါသည်လေ....ဝူဟိုက်စစ်ပွဲကျရူံးရခြင်း
အကြောင်းအရင်းမှာမိမိတို့ဂျူအိမ်တော်နဲ့မိဖုရား
ခေါင်ကြီးစနက်တွေအများကြီးပါတယ်။အရာအား
လုံးသေသေသပ်သပ်ပြီးဆုံးသွားပြီဟုထင်သော်ငြားယခုအချိန်ကျမှကင်မ်ထယ်ယောင်းကရောက်
လာပေါက်လာပါရော။အရှင်မင်းကြီးးကလည်း
ချက်ချင်းသေဒဏ်မချတဲ့အပြင် တရားရုံတင်ပြီး
တောင်စစ်ဆေးဦးမည်မို့အားလုံးက ကဗျောင်းကနင်း။


"ဘာတွေးနေတာလဲ၊တစ်ခုခုဆိုမောင်မင်းဦးနှောက်ကဘာမှသုံးစားမရဘူး၊ဒါ့ကြောင့်လည်းအရင်
ဧကရာဇ်ကမင်းထက်ကင်မ်ထယ်ယောင်းကိုအများကြီးအားကိုးခဲ့တာပေါ့"


စစ်သူကြီးဂျူသည်အလွန်အမင်းနာကျင်သွားးရသည်။သူကထယ်ယောင်းထက်အသက်ကြီး
တဲ့အပြင်ဓါးရေး၊ လှံရေးအစစအရာရာထူးချွန်ပေမဲ့ဧကရာဇ်ကဘာလို့မျက်ကွယ်ပြုကာဂျောင်ထိုးခဲ့ပါလိမ့်။တစ်နန်းတွင်းလုံး၊တစ်တိုင်းပြည်လုံးကင်မ်ထယ်ယောင်းကိုဦးစားပေးပသနေကျချိန်သူ့ကိုဘယ်သူကအဆင်ပြေရဲ့လားဆိုပြီးလာမေးဖော်ရလည်း။
ဧကရာဇ်ကိုယ်တိုင်လည်းဒုစစ်သူကြီးကင်မ်ထယ်
ယောင်းကိုဝူဟိုက်စစ်မျက်နှာပြင်ကိုလွှတ်လိုက်
သောအခါသူ့မနာလိုစိတ်မှာတစ်စတစ်စပိုကြီး
ထွားလာရသည်။ဒါ့ကြောင့်မိဖုရားခေါင်ကြီး
လုပ်ကြံသောဇာတ်လမ်းတွင်ပါဝင်ပူးပေါင်းဆောင်
ရွက်ခဲ့ခြင်းသာ။

သူတို့နှစ်ယောက်လုံး၏မဟာရန်သူတော်ကား...
ကင်မ်ထယ်ယောင်း။မယ်တော်ကြီးမူသလွန်တော်
ထက်ငြိမ်ငြိမ်တောင်မထိုင်နိုင်၊အဆောင်တော်အတွင်းခေါက်တုံ့ခေါက်ပြန်လျှောက်လို့။မတော်...
ဟိုတရုတ်ကလာတဲ့မျိုးမစစ်နှစ်ကောင်ကအတိတ်
အကြောင်းအားလုံးဖွင့်ပြလိုက်ရင်ဘယ်လိုလုပ်မလဲ။အဲ့ထက်...နောက်ဆုံးအစီအရင်ခံစာဘယ်ရောက်သွားလဲဆိုတဲ့အကြောင်းအရင်းကမီးခိုးကြွက်လျှောက်လိုက်လာတော့မှာ။အရေးဟဲ့
အကြောင်းဟဲ့ဆိုသူ့ဘေးနားဝိုင်းနေတဲ့လူတွေက
ဘာမှသုံးစားမရ။

Legend Of Male Empress(Completed) Where stories live. Discover now