Part..22

4.5K 666 35
                                    

တစ်ညလုံးထယ်ယောင်းဘေးလူနာစောင့်ထား
သည်ရမို့ဂျောင်ကုမျက်လုံးတွေကနီမြန်းမြန်း။သို့
သော်...သူအိပ်ပျော်လို့မဖြစ်သေး။တရုတ်ချင်နိုင်ငံ
၏ကိုယ်စားလှယ်တွေဒီနေ့ပဲခရီးရောက်မည်မို့ထွက်ကြိုရဦးမည်။ထိုချင်နိုင်ငံကကိုယ်စားလှယ်
တွေကိုလည်းမိမိဘက်က စတင်ဖိတ်ကြားကမ်း
လှမ်းထားသည်ကြောင့်မျက်ကွယ်ပြုလို့မရ။
မနက်အာရုဏ်ဦးလင်းချိန်မှာပင်...ဂျောင်ကုတစ်
ယောက်မင်းဧကရာဇ်အဝတ်အစားအစုံအလင်နဲ့.အဆင်သင့်ဖြစ်နေပြီ။

သူကခေါင်းလေးငုံကိုင်းရင်းမေ့မျောနေသူ၏
နဖူးပြင်ကိုခပ်ဖွဖွထိတွေ့နမ်းရိူက်လိုက်တယ်။


"ကိုယ်ပြန်လာခဲ့မယ်..."


တိုးတိုးလေးနားနားကပ်ပြောကာနှုတ်ဆက်သမူ့ကိုပြုလိုက်၏။ယခုအချိန်အသဲအသန်ဖြစ်နေသောချစ်ရသူနားကတစ်ဖဝါးမှတောင်မခွာချင်သေးပေ။သို့သော်...သူက မင်းဧကရာဇ်မလား။ကိုယ်
ရေးကိုယ်တာနဲ့တိုင်းပြည်တာဝန်များကို ရောထွေး
ပစ်လို့မဖြစ်။ဝူရွှယ်နန်းဆောင်၏အပြင်
ဘက်တွင်တပ်စုတစ်စုစာရဲမက်အင်အားတပ်ဖြန့်
ထားခဲ့သလို၊ထယ်ယောင်းဘေးနားမှာလည်း
သစ္စာရှိလူယုံကိုယ်ရံတော်တွေအားစောင့်ကျပ်ကာ
လုံခြုံရေးတင်းကျပ်စေခဲ့သည်။အားလုံးစိတ်ချရ
ပြီဆိုမှသာပင်ပန်းနုံးချိသောကိုယ်ဖြင့်သာညီလာခံသို့တက်လာခဲ့ရ၏။


ညီလာခံအတွင်းတွင်လည်းအမတ်အားလုံးမျက်
နှာမကောင်းလှ။မနေ့ညတုန်းကင်မ်ထယ်ယောင်း
လုပ်ကြံခံရခြင်းသည်သာမာန်သွေးရိုးသားရိုးပုံစံ
မျိုးမဟုတ်။လုပ်ကြံသတ်ဖြတ်သူကသေစေလောက်သည့်ရင်ညွန့်အားဓားနဲ့ထိုးစိုက်ခဲ့ပေမဲ့
အသက်ပြင်းသည့်ကင်မ်ထယ်ယောင်းကတော့
ဖုတ်လှိုက်ဖုတ်လှိုက်နဲ့အခုထိအသက်ရှင်နေတုန်း
ပင်။ဧကရာဇ်၏မျက်နှာတော်က ပင်လယ်ထဲ
မုန်တိုင်းဝင်မွှေသလိုကြမ်းတမ်းနေသောကြောင့်
ဘယ်သူကမှစကားမစရဲသလို၊ဘယ်အမတ်မှ
လည်းဘာမှလျှောက်တင်ခြင်းမပြု။အပ်ကျသံ
ပင်မကြားရလောက်အောင်ညီလာခံတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်လျှက်သာ။




Legend Of Male Empress(Completed) Where stories live. Discover now