Part.5

5K 709 17
                                    

ဧကရာဇ်အရှင်မှာအေးအေးဆေးဆေးအဆောင်ပြန်အနားမယူနိုင်သေးဘဲအကျဥ်းထောင်သို့​ခြေလှမ်းလှမ်းကျယ်ကြီးများဖြင့်လျှောက်လာခဲ့သည်။အလျှင်စလို ခပ်မြန်မြန်ခြေလှမ်းတွေကြောင့်အနောက်ကအပါးတော်မြဲတစ်သိုက်အမှီလိုက်နေရသည်မှာလျှာတောင်ထွက်လုမတတ်။

ဧကရာဇ်အရှင်၏ရွှေမျက်နှာတော်မှာတင်းမာခက်ထန်နေပြီးအရာအားလုံးကိုလျှက်တစ်ပြက်အတွင်းအမူန့်ဖြစ်သွားအောင်ဖျက်ဆီတော့မည့်ဟန်။မာန်ပါသည့်ခြေလှမ်းများအောက်ကမ္ဘာမြေခင်းတစ်ခုလုံးပြားပြားဝပ်ခစားရသည်မှာမြက်ပင်လေးတွေတောင်ထောင်မတ်မနေနိုင်တော့။

အချုပ်ခန်းကရဲမက်များသည်မလာစဖူးအလာထူးတဲ့ဧကရာဇ်အရှင်ကြောင့်ကြောက်ရွံကာတုပ်တုပ်မျှမလူပ်ရဲကြ။သူတို့၏အရှင်ဧကရာဇ်ကိုယ်တိုင်ရောက်ချလာသည်အထိအစွမ်းအစရှိသောအကျဥ်းသားသည်လည်းတော်ရုံလူတော့ဖြစ်ဟန်မတူ။အကျဥ်းထောင်သည်အောက်သိုးသိုးအနံတွေနဲ့သာပြည့်နှက်နေပြီးမဲမှောင်လွန်းလှတယ်။အနီရောင်နဂါးဝတ်စုံဆင်မြန်းထားသောရှင်ဘုရင်ငယ်သည်ဘယ်အကျဥ်သားကိုမှအရေးတယူအဖတ်လုပ်ပြီးကြည့်ရူ့မနေ။သို့သော် အချုပ်ထဲကအကျဥ်းသားတွေအဖို့ရှင်ဘုရင်ငယ်လေးရောက်လာသည်ကိုမြင်သောအခါပွဲဆူကုန်တော့သည်။အကျဥ်းသားအားလုံးတို့သည့်ဧကရာဇ်မကြားကြားအောင်အော်ဟစ်ပြောဆိုခြင်းတွေ၊ငိုယိုတိုးလျှိုးတောင်းပန်းခြင်းတွေရှိပေမဲ့ထောင်မှာရှိတဲအမူ့ထမ်းတွေကတစ်မဟုတ်အတွင်းငြိမ်သက်သွားအောင်ထိန်းထားလိုက်နိုင်သည် ။

ထယ်ယောင်းမှာအကျဥ်းထောင်နံရံအားမျက်နှာမူ
ထားပြီးအပေါက်ဝအားကျောပေးထားသည်။အေးစက်တဲ့မြေအောက်အကျဥ်းထောင်ပတ်ဝန်းကျင်ကြောင့်သူ၏နဂိုရောဂါဟောင်းမှာပြန်ထလာပြီးချောင်းကလည်းဗိုက်တွေအောင့်သည်အထိတစ်ဟွတ်ဟွတ်ဆိုးလာ၏။ထို့သို့ချောင်းဆိုးတိုင်းထယ်ယောင်းကိုယ်လေးတုန်တက်သွားရပြီးနာကျင်မူ့သည်ကလည်ချောင်းကွဲမတတ်။အကျဥ်းထောင်အခန်းမို့ရေကလည်းတော်ရုံမရ။အာခေါင်တစ်ခုလုံးခြောက်သွေ့သည်ကြောင့်တံတွေးတောင်ကောင်းကောင်းမျိုမချနိုင်။

Legend Of Male Empress(Completed) Where stories live. Discover now