Part.20

5.1K 691 31
                                    

ကင်မ်ထယ်ယောင်းသည်ရှည်ကြာပြီးမနှစ်မြို့ဖွယ်
ကောင်းသောအိမ်မက်တစ်ခုကမြင်မက်နေမိ၏။
အိမ်မက်ဟုဆိုသော်ငြားထိုအိမ်မက်သည်လက်
တွေ့ဆန်လွန်းလှသည်။ထို​အိမ်မက်ထဲတွင်ထယ်ယောင်းကကြီးကျယ်မြင့်မြတ်သောစစ်သူကြီးဖြစ်နေပြီးစစ်မြေပြင်ထက်လှံရှည်ဆွဲကာတိုက်ခိုက်နေသည်။သို့်သော် သူတိုက်ခိုက်နေစဥ်တစ်ဖက်စစ်သားတွေမှာလူမဟုတ်တဲ့၊အဆိပ်ရှိအနက်ရောင် ပိုးကောင်တွေအဖြစ်အသွင်ပြောင်းသွားပြီးသူ့စစ်သားတွေအားစတင်အုံခဲကာကိုက်ပါတော့တယ်။အကိုက်ခံရသောစစ်သားတွေမှာရုတ်ချည်းတစ်ကိုယ်လုံးပြာနှမ်းလာကာပါးစပ်က
အန်ထုတ်လိုက်သည့်သွေးတွေကပွက်ကနဲ။သူတို့
တပ်မတစ်ခုလုံးသည်စစ်ပွဲကြောင့်ပန်းရသလိုသဲ
ကန္တာရထဲကအမျိုးအမည်မသိပိုးကောင်တွေရဲ့ရန်
စွယ်ငေါငေါကိုက်ခဲခြင်းကိုပါခံရတော့သည်။

"စစ်သူကြီး...အဆိပ်ဖြေဆေးပေးပါ"

"စစ်သူကြီး...နန်းတော်က ဆေးလာမပို့သေးဘူးလား"

ဝေဒ နာအလူးအလိမ့်ခံနေရသည့်စစ်သားတစ်သိုက်၏ညည်းတွားသံကိုလည်းကြားနေရသလို၊တစ်ဖက်မှာလည်း

"ငါတို့ဆီမှာ အဆိပ်ဖြေဆေးရှိတယ်၊အညံခံလိုက်"

ဆိုတဲ့စကားတွေသာထပ်ခါတစ်လဲလဲပြန်ကြားနေမီသည်။ဘယ်လိုလုပ်မလဲ...ဒီနေရာဆက်တပ်စွဲ ပြီးတိုက်ခိုက်နေရင်သူ့လက်အောက်ကရာချီတဲ့စစ်သားတွေသေဆုံးကုန်တော့မှာ။ရွှေမြို့တော်ကဧကရာဇ်အပါအဝင်မူးကြီးမတ်ရာအကုန်လုံးကဒီစစ်သားတွေရဲ့အသက်ကိုလစ်လျူရူထားပေမဲ့ကင်မ်ထယ်ယောင်းကတော့လက်ပိုက်ကြည့်မနေနိုင်။

"တပ်ဆုတ်"

အိမ်မက်ထဲမှာလည်းဒီစကားပဲပြောမိသလိုအပြင်မှာလည်းဒီတစ်ခွန်းတည်းသာထွက်သည်။စစ်တပ်ဥပဒေအရ..ဧကရာဇ်၏အမိန့်မရဘဲတပ်သည်နောက်ပြန်ဆုတ်ရိုးထုံစံမရှိ။အမိန့်မရဘဲတပ်ဆုတ်ခြင်းသည်သူရဲဘောကြောင်သောလုပ်ရပ်ဖြစ်ပြီးနိုင်ငံတော်ကိုပုန်ကန်ရာရောက်သည်။သူသည်တပ်ဦးရင်းဆီကဂျီယောနိုင်ငံအလံကိုသဲကန္တာရထက်လွှင့်ပစ်လိုက်ပြီးချင်စစ်သူကြီးရှေ့ခေါင်းငုံကာဒူးထောက်ချလိုက်တော့သည်။

Legend Of Male Empress(Completed) Where stories live. Discover now