(2)

456 52 26
                                    

"ဟိုရှေ့တစ်ပြဆို ရွာကို
လှမ်းမြင်ရတော့မယ် ဆရာ‌ရေ့"

ကိုချက်ဖောင်းအပြောကြောင့် နောင် လှမ်းလို့ကြည့်လိုက်တော့ လှည်းလမ်းမက ဖြောင့်ဖြောင့် ဖြူးဖြူး။တမာ၊သရက်၊ထနောင်း စသော
အပင်များကြောင့်လည်း လမ်းကလေးက အရိပ်ရသင့်သလောက်ရနေပေ၏။

"ထနောင်းပင်ကြီးတွေ လှသားပဲဗျ"

ပင်စည်လုံးပတ်ကောင်းသော ထနောင်းပင်တို့ကို
ရည်ညွှန်းရင်း နောင် ဆိုလိုက်သည်။

"ပင်စည်အခေါက် နုချိန်ဆိုပိုလှတယ်ဗျ
အခုက ပင်စည်အခေါက်က ရင့်သွားလို့
အုန်းခွံရောင်ပေါက်နေတာ နုတုန်းကဆို
ရေညှိလိုအရောင်လေးနဲ့ တယ်လှသဗျား
အပင်လှတာပဲရှိတာပါလေ တစ်ကယ့်တစ်ကယ်ကျ အရိပ်သော်လည်း သေချာမှ မပေးနိုင်ပဲ"

နှင်တံကို ကိုင်ရင်း ရှင်းပြသလို ဆိုလာသည့်
သော်ယံမှိုင်း ဆိုသူက ခေါင်းတစ်ခါခါနှင့်။

"ကျုပ်တော့ဖြင့် ထနောင်းထက်
ဆီးဖြူပင်ကိုပိုကြိုက်သဗျာ ဆီးဖြူသီးကိုဆားနဲ့
ထောင်းစားရင် လွှတ်ကောင်းဗျိုး
ကျောင်းဆရာရော စားဖူးလား မစားဖူးရင်
ကျုပ်လုပ်ကျွေးမယ်လေ .."

"အမ်..?"

"အယ်ဗျာ ဇီးဖြူသီးထောင်း
လုပ်ကျွေးမယ်လို့ ဆိုတာပါဗျာ "

နောင့်အမူအယာကို သူဘယ်လို
သဘောရသည်မသိ။ဖြေရှင်းချက်နှင့်
ပြန်ဆိုလာ၏။

"ကျုပ်တို့ဆီမှာတော့ အဲ့တာနဲ့ဆိုလည်း
ဟင်းတစ်ခွက် ကောင်းကောင်းဖြစ်တယ်ဗျာ
ကျုပ်ဆိုရင်တော့ အဲ့တာနဲ့လည်း စားနိုင်တာပဲ
အိမ်ထောင်ဘက် ဟင်းမချက်တတ်မှာ
မပူရတော့ဘူးပေါ့ဗျာ နော့်"

"အင်းပေါ့.."

"ကျောင်းဆရာရော ဟင်းချက်တတ်လား?"

"သိပ်တော့အများကြီး မချက်တတ်ဘူး‌ဗျ"

"ဒါဆို အတော်ပဲပေါ့ဗျာ
ကျွန်တော်ကလည်း ရှိတာနဲ့ စားတတ်ကတတ်နဲ့"

"ခင်ဗျာ..!"

"ကျုပ်ပြောတာက ကျောင်းဆရာက
အခု ရွာရဲ့ ဧည့်သည်ဆိုပင်မယ့် နောင်ဆို
ရွာခံလိုဖြစ်လာမှာလေ အဲ့အခါကျ
ကျွန်တော့်အိမ်ကလည်း ကျောင်းဆရာအိမ်
ကျောင်းဆရာအိမ်ကလည်း ကျွန်တော်အိမ်
အဲ့လိုဖြစ်လာမှာလေ တစ်ရွာထဲသားချင်းတွေပဲ
စားအိမ်သောက်အိမ်တောင် ဖြစ်လာဦးမှာ အဟဲ
အဲ့လို့ အဲ့လို"

နေမလား မောင့်ရင်ထဲဝယ်Donde viven las historias. Descúbrelo ahora