(7)

264 29 38
                                    

"သွားတော့မလို့လားဗျ?"

နောက်နားဆီမှ အသံကြောင့် လှည့်လို့ကြည့်လိုက်တော့
အဖြူအစိမ်းဖြင့် မိုးစွေ။

"ပထမဆုံးကျောင်းဖွင့်ရက်လေ‌ဗျ"

ခြံတံခါးပိတ်ပြီး ကျွန်တော်ပြန်ဖြေလိုက်တော့
မိုးစွေမှ ပြုံးရင်းနှင့် ခေါင်းငြိမ့်ပြ၏။ထို့နောက် နှစ်ဦးသားခြေလှမ်းတွေကို စာသင်ကျောင်းရှိရာဆီ ဦးတည်လိုက်ကြတော့သည်။

"ကျောင်းအပ်တွေရသလို ကျောင်းသားတွေလည်း လာရင်ကောင်းမယ်ဗျ"

"မလာရင် ကျွန်တော်တို့ နောက်တစ်ကြိမ်ကွင်းဆင်းကြတာပေါ့"

"ကျောင်းဆရာကတော့ တစ်ကယ်စံပဲဗျိုး
အစက ကျွန်တော် ကျောင်းဆရာကို အဲ့လောက်လုပ်နိုင်မယ်ထင်မထားဘူးဗျာ အခုတော့ လမ်းလျှောက်သွားပြီး ကျောင်းအပ်ယူရမယ်ဆိုလည်း လျှောက်တာပဲ လှည်းနဲ့သွားရမယ်ဆိုလည်း သွားတာပဲ တစ်ကယ်စံပါပဲဗျာ"

မိုးစွေက ပြောရင်းနှင့် ရယ်လည်းရယ်လိုက်သေး၏။

"ဒါကတော့ဗျာ ကျွန်တော့်ရဲ့အလုပ်ဆိုတာထက် ကျေးလက်ပညာရေးကို ဖွံ့ဖြိုးစေချင်တဲ့စိတ်လို့ ဆိုရမှာပဲဗျာ"

"ကျေးလက်ပညာရေးက ဖွံ့ဖြိုးဖို့ဆိုတာ ထင်သလောက်တော့ မလွယ်ဘူးဗျ "

"ဒါတော့ ကျွန်တော် တစ်ကယ်နဖူးတွေ့ ဒူးတွေ့သိခဲ့ရပါပြီဗျာ"

"ဒါပေါ့ဗျာ ဒါပေါ့ ဟားဟား"

ကျွန်တော့်အဖြေကို မိုးစွေမှ သဘောတကျပင် ရယ်သွမ်းသွေးသည်။အမှန်တစ်ကယ်လည်း မလွယ်ကူ။
ကျေးလက်နေပြည်သူလူထုက ရိုးသားကြသလို ရှေးရိုးလည်း အနည်းငယ်စွဲကြတာမလို့ နောင်တို့ အခက်အခဲကြားမှနေ၍ လမ်းဖောက်ရတာတော့ မလွယ်ကူပေ။

"ဖွံ့ဖြိုးပြီးနိုင်ငံတွေကျတော့လည်း ပညာရေးကို အားပေးကြသားဗျ ဟိုတလောက စာစောင်မှာဖတ်လိုက်ရတယ် ဂျပန်မှာ ကျောင်းလာဖို့ခက်ခဲတဲ့ကျောင်းသူလေးကို အစိုးရက ရထားလမ်းဖောက်ပေးခဲ့တယ်တဲ့"

မိုးစွေ၏ အပြောကို နောင် ခပ်ဖြေးဖြေးခေါင်းငြိမ့်လို့ ထောက်ခံလိုက်သည်။

နေမလား မောင့်ရင်ထဲဝယ်Where stories live. Discover now