(8)

189 20 10
                                    

"ဒီရက်ထဲ မိုးလာမယ်ထင်တယ် "

မိုးစွေ၏အပြောကြောင့် ကောင်းကင်ကို မော့ကြည့်လိုက်တော့ မိုးသားတို့ညိုလို့ ကောင်းကင်အောက်ခြေသည် မဲမှောင်နေ၏။တိမ်စိုင်ညိုတို့ကြားမှနေ၍ နေ၏အလင်းသည်ထိုးထွင်းလို့  တတ်စွမ်းသလောက်တော့သာနေသေးသည်၊

"မိုးလာတော့ အပူလျော့တာပေါ့ဗျာ"

"ဒီဒေသရဲ့အပူကိုတော့ လျှော့မတွက်နဲ့ ကျောင်းဆရာ‌ရေ မိုးမနိုင်ရင်  မြေငွေ့နဲ့ပိုပူတယ်ဗျ"

"မိုးများဖို့တော့ ဆုမတောင်းရဲဘူးဗျာ တော်ကြာကလေးတွေ သွားရေးလာရေးခက်ခဲနေပါဦးမယ်"

"ဝါဆိုမိုးတော့ လာလိမ့်ဦးမယ်ဗျ"

မိုးစွေ၏စကားက မှန်ကြောင်း တိမ်စိုင်ညိုမှသက်သေခံနေ၏။

"ကျောင်းဆရာ ကိုမိုးစွေ ဘယ်ကိုတုန်းဗျ?"

အသံနှင့်အတူ အနားရောက်လာသော သော်ယံမှိုင်း။

"ဝါးစိန် ဆံပင်တွေက ဘယ်ရောက်ကုန်တာလဲ?"

မိုးစွေ၏အမေးကိုကြားတော့ သော်ယံမှိုင်းက ကျွန်တော့်ကိုကြည့်လို့ သွားတန်းလေးတွေပေါ်‌အောင် ရယ်လိုက်သေးသည်။ပြီးပါမှ သူက စကားကို ဆက်၏။

"သပ်သပ်ရပ်ရပ်ကလေးဆို ကြည့်ရရှင်းမယ်လို့ ကျောင်းဆရာက ပြောလို့ပါဗျ.

သော်ယံမှိုင်း၏ စကားဆုံးတော့ မိုးစွေမှကျွန်တော့အားလှည့်လို့ကြည့်လာသည်။ပြီးပါမှ ခပ်ဖွဖွပြုံးလို့ စကားကိုဆက်၏။

"ကျောင်းဆရာကိုတော့ ကျွန်တော်တကယ် စံတင်နေပါပြီဗျာ ဒီကောင့်ကို ဆံပင်ရအောင် ညှပ်ခိုင်းနိုင်တာ"

"ကိုမိုးစွေကလည်း ပြောပုံက ကျွန်တော်က ပြောမရဆိုမရကောင်ကျနေတာပဲ"

"မင်းအရင်ကတော့ ဘာပဲဖြစ်ဖြစ်ဆံပင်မညှပ်ဘူးဆိုကွ?"

"အဲ့တာက အရင်ကပါဗျ အခုကမတူတော့ဘူး နေပါဦး ကိုမိုးစွေတို့ ဘယ်ကိုသွားကြမလို့တုန်းဗျ'

"ကိုသော်ယံမှိုင်းအိမ်ကိုပါဗျ"

စကားဝိုင်းထဲ ကျွန်‌တော်ဝင်ဖြေတော့ သော်ယံမှိုင်း၏အကြည့်က ကျွန်တော်ရှိရာဆီ တန်ပြန်ကြည့်လာလေသည်။

နေမလား မောင့်ရင်ထဲဝယ်Donde viven las historias. Descúbrelo ahora