(3)

420 49 11
                                    

"ကဲ ချက်ဖောင်း မင်းက
ကျောင်းဆရာကို လိုက်ပို့လိုက်"

သူကြီးကဆိုလေတော့ ကိုချက်ဖောင်းက
နောင့်အထုတ်တွေကို ကူဆွဲလို့ ဝိုင်းထဲမှ ဦးဆောင်၍ ထွက်ခွာ၏။

"ကျောင်းဆရာက ဝါးစိန်အတွက်
စိတ်မကောင်းဖြစ်နေတာလားဗျ"

လမ်းလျှောက်ရင်း နောင် မျက်နှာမကောင်းတော့
ကိုချက်ဖောင်းက ဆိုလာ၏။

"ကျွန်တော့်ကြောင့် ဖြစ်တာဆိုတော့
  နည်းနည်းတော့ စိတ်ထဲ ဘယ်နေသာပါ့မလဲဗျာ"

"အထွေအထူး စိတ်ထဲမထားပါနဲ့ဗျာ
  ဝါးစိန်ဆိုတဲ့ကောင်က သူ့အဖေသူကြီးရဲ့
  ထိတ်တုံးခြောက်ပေါက်ကို အမြဲ
  ခြေထိုးထားတဲ့ကောင်ဗျ "

" ဘယ်လို..?"

" ကျောင်းဆရာ ရွာမှာ အနေကြာလာရင်
   သိလာပါလိမ့်မယ်ဗျာ "

ခပ်ပြုံးပြုံးဆိုရင်းနှင့် လျှောက်သွားသော
ကိုချက်ဖောင်းရဲ့စကားကို နောင် အမှန်တစ်ကယ်ကို နားမလည်။ကိုချက်ဖောင်းပြောသလို နောင် အနေကြာလာလျှင်တော့ နားလည်လာမည်လို့
ထင်ပါသည်။

"ဟော ကိုချက်ဖောင်း"

"ထွေးရီ ဘယ်ကိုတုန်းဟ?"

"အရီးက ဗူးညွန့်ကြော်ချက်ကလေး စားချင်တယ်ဆိုလို့ အဲ့တာ လေးသီတို့အိမ်ကို သွားပြီး ခူးမလို့ရှင့်"

"အေးအေး နင်တို့ ချက်ပြီးရင်လည်း
  ကျောင်းဆရာအတွက် တစ်ခွက်ပို့လိုက်ဦး
  ကိုယ့်ရွာလာတဲ့သူ‌ဆိုတော့ တာဝန်ကျေပါစေ"

"ဟို ကျွန်တော့်အတွက် တကူးတကကြီး
  မလုပ်ပါနဲ့ ကိုချက်ဖောင်း ကျွန်တော့်မှာ
  အခြောက်အခြမ်းကြော်လှော်ပြီး
  ထည့်ထားတာလေးတွေ ပါလာပါသေးတယ်ဗျ"

"အဲ့လိုတော့ ဘယ်ဖြစ်ပါ့မလဲ
  အရည်သောက်ကလေးပါမှ ပိုမြိန်မှာပေါ့
  ထွေးရီ ကို‌ချက်ဖောင်းနဲ့ ပို့ခိုင်းလိုက်ပါ့မယ်"

"ဟို..."

"ကဲ ဘာမှ ဟိုတွေဒီတွေလုပ်မနေပါနဲ့တော့ဗျာ
  ကျောင်းဆရာမှ လက်မခံရင်လေ ကျွန်တော်တို
  တစ်ရွာလုံး စိတ်မကောင်းဖြစ်ကမှာဗျိုး"

နေမလား မောင့်ရင်ထဲဝယ်Where stories live. Discover now