(4)

367 48 34
                                    

"ကျောင်းဆရာ!.. ကျောင်းဆရာ..!"

ခြံတံခါးပိတ်နေတုန်း ခေါ်သံကြားတာကြောင့်
နောင် လှည့်လို့ကြည့်လိုက်တော့ အပြေးတစ်ပိုင်းနှင့်ရောက်လာနေသော သော်ယံမှိုင်း

"ကိုသော်ယံမှိုင်း ဘာများဖြစ်လို့လဲဗျ?"

နောင့်အမေးကို သူကပြန်မဖြေ။အင်မတန်မောနေဟန်နှင့် ပင့်သက်ကိုရှိုက်၏။(3)စက္ကန့်လောက်မျှ
အမောဖြေပြီးပါမှ ‌သော်ယံမှိုင်းက စကားကိုဆက်၏။

"ကျောင်းဆရာအတွက် အဘကစာပါလာတယ်ပြောလို့ လာပို့တာဗျ"

ရွာလည်အကျော်မှနေ၍ ဒီအထိပြေးလာတာကြောင့် မောနေတာက မပြည်သေးဟန်ပင်။အသံက အဖျားခတ် တုန်ယင်နေသေး၏။

"ကျေးဇူးတင်ပါတယ်ခင်ဗျ ကိုသော်ယံမှိုင်းကိုပင်ပန်းသွားစေမိပြီ"

"မဟုတ်တာ ရပါတယ်ဗျ ကျွန်တော့်အတွက် တကူးတက မဟုတ်ပါဘူး ကျွန်တော်က အရီးဘုအကြော်ဆိုင်ကိုလာတာ လမ်းကြုံပါတယ်"

ဆက်ကာပြောနေသည့် စကားတွေကို နောင် အသိအမှတ်ပြုနားထောင်နေပြီးမှ အဆုံးမှာ ပြုံးလို့ပြလိုက်သည်။သူသည်လည်း ထိုနည်းလည်းကောင်း။စကားတွေဆုံးပါမှ နောင့်ကို
ပြုံးရင်းနှင့် ပြန်ကြည့်လာ၏။

"ဒါနဲ့ ကျောင်းဆရာကရော ဘယ်လဲ အကြော်သွားစားမလို့လား ကျွန်တော်ဝယ်ကျွေးမယ်နော်အဲ့တာဆို"

ခြံတံခါးပိတ်နေသည့် နောင့် လက်ကိုသူမြင်တော့ မောနေသည့်ကြားမှ သူကစကားတွေကိုထပ်လို့ဆက်ပြန်သည်။

"ဖြေးဖြေးမေးပါ ကိုသော်ယံမှိုင်းရဲ့
ကျွန်တော် ဘယ်ကိုမှ မပြေးပါဘူးဗျ"

"ကျွန်တော်က ကျောင်းဆရာကို ဝယ်ကျွေးချင်ဇော ကပ်သွားလို့ပါဗျ"

နောင့်အပြောကို ရယ်မြူးသံတစ်ဝက်နှင့် သူကတုန့်ပြန်သည်။ပကတိကြည်ပါသော မျက်ဝန်းတွေကပါ စကားတွေက မညာကြောင်း ထောက်ခံလို့ တဖျတ်ဖျတ် လတ်နေ၏။

"ဆရာတော်က အခေါ်လွှတ်တယ်လို့ဆိုလို့
ကျွန်တော်သွားမလို့ပါဗျ ကိုသော်ယံမှိုင်းရဲ့ "

နေမလား မောင့်ရင်ထဲဝယ်Where stories live. Discover now