pt.4 zawgyi

14.7K 78 2
                                    

တမာမိဘတေနဲ့ သူ့မိဘတေက ရန်ကုန်မာဘဲ အခြေချ နေထိုင်ကြတာပေမယ့် စင်စစ်တော့ တမာ့မိဘများဇာတိက မန်းလေးဇာတိဖြစ်သည် ။ အဘိုးဘွားတေက မန်းလေးမြို့မာဘဲ ရှိနေသေးတာ ဖြစ်ရာ တနှစ်တခါတော့ မေမေကောဖေဖေပါ ဘိုးဘိုးနဲ့ ဘွားဘွားဆီကို အမြဲရောက်အောင်ပြန်ကြသည်သာ ဖြစ်သည်။

ဒီနှစ်တော့ တမာသည်လည်းအလုပ်များနေတဲ့ကြားမှ ဘိုးဘိုးနဲ့ ဘွားကို မတွေ့ရတာလည်း ကြာပြီမို့ အချိန်ပေးကာ ၂ရက်လောက် မန်းလေးကို လိုက်ဖြစ်ဖို့ စီစဉ်ထားသည်။ ၂ညအိပ်လောက်တင်ဘဲမို့ မန်းလေးရာသီဥတုနှင့် ကိုက်ညီသည့်ပေါ့ပေါ့ ပါးပါးဖြစ်စေမည့် အဝတ်များကို ဗီရိုအတွင်းမှ ထုတ်ကာ အိတ်ငယ်အတွင်းထည့်သိုရန် ကုတင်ပေါ်တွင် အစီရီချထားလိုက်သည်။ ထိုအခါရေချိုးခန်းထဲကထွက်လာသူက

"ခင်များဘာလုပ်နေတာလဲ "

"အဝတ်ထည့်နေတာ "

"ကျုပ်မြင်တယ် အဲ့ ဒါ "

ဒါဆိုဘာလို့မေးနေသေးလဲဆိုသည့်အကြည့်များကြရောက်လာတော့ တံခွန် ခေါင်းသုတ်လက်စ တပတ်ကို တန်းတခုပေါ်သို့လွှားခနဲတင်ကာ

"ဘာကိစ္စနဲ့အဲ့ အဝတ်တေ ထုက်ပိုးနေတာလဲလို့ ကျုပ်မေးနေတာ "

"တို့ညကြရင် ဖေဖေတို့နဲ့ မန်းလေးလိုက်သွားမလို့ "

"ဘာကိစ္စလဲ !ဘယ်သူ့ခွင့်ပြု့ချက်နဲ့လဲ? "

ဘာကိစ္စနဲ့ဖြစ်ဖြစ်ပေါ့ ..သက်သက်ရစ်နေတာ ။ တမာ ဘယ်သွားသွားသူနဲ့ ဘာဆိုင်လို့လဲ ။ ဘယ်တုန်းက ကိုယ့်အကြောင်းဒီလောက်ထိ စိတ်ဝင်စားသွားရသလဲ မသိ။

အံ့သြသလို စူးစိုက်ကြည့်နေသော အကြည့်တေကို မသိချင်ယောင်ဆောင်ပစ်လိုက်ရင်း

"ကျုပ်မေးနေတယ် ဒေါ်တမာချို ခင်များမန်းလေးလိုက်သွားမှာ ဘယ်သူ့ခွင့်ပြု့ချက်နဲ့လဲလို့ "

"တို့မိဘတေနဲ့ အဘိုးဘွားတေကို သွားတွေ့မာ တံခွန် ဘယ်သူ့ဆီက ခွင့်ပြု့ချက်တောင်းနေရအုန်းမာလဲ "

"ခင်များလင် ကျုပ်ဆီကပေါ့ "

"လိုလို့လား  မင်းကိုလည်း ဘာလုပ်ပါဘယ်သွားပါလို့ တို့မချုပ်ချယ် ခဲ့ဖူးသလို မင်းမှာလည်း တို့ကို အဲ့လိုပြောပိုင်ခွင့်မရှိဘူး "

မောင့်တမာချို (Completed)Where stories live. Discover now