pt.8 zawgyi

13K 93 5
                                    

အဲ့ဒီညက တမာ့နူတ်ခမ်းတေကို ပေါက်ထွက်မတတ်နမ်းရှိုက်ကာ ရင်ခွင်ထဲတိုးဝင်အိပ်ခဲ့သည်မှလွဲ၍ တံခွန့်ဘက်က ဘာအဆင့်မှ ထက်မတတ်ခဲ့ ။ ဂရေစ့်ဆိုတဲ့မိန်းကလေးနဲ့သူ၏ ရင်းနှီးမှု့အတိုင်းအတာ ။ သူမ တမာ့ကိုစနောက်​ပြောခဲ့တာ ဖြစ်ကြောင်းကိုလည်း တဖွဖွ ထပ်ကာ ထပ်ကာ ရှင်းပြခဲ့သည်။ ထင်မထားခဲ့သည်က တမာရုံးတက်နေတုန်း personal mailကတဆင့် ဂရေစ့် ဆိုသော ကောင်မလေးက မေးပို့၍ အဖြစ်ပျက်တို့ကို ရှင်းပြလာခဲ့ခြင်းဖြစ်သည်။ တံခွန့်က တမာ့ကို သိပ်ချစ်နေတာဖြစ်ကြောင်းနှင် တံခွန့်အချစ်ကို တမာအထင်မလွဲသင့်ကြောင်း စသဖြင့်အကြောင်းအရာ စုံလင်စွာ ။ တမာကိုလည်း သူမထပ်ပြီးတွေ့ဆုံရင်းနှီးလိုပါသေးကြောင်း နူတ်ဆက်ရေးသားမှု့များ ထို mailထဲတွင်ပါဝင်လေသည်။

ထိုစာ(mail)ကို ဖတ်ပြီးသွားသောအခါ တမာရင်တေ တဒိတ်ဒိတ်ခုန်လာသည်က မနက်ခင်းတိုင်းသောက်တဲ့ black coffeeကြောင့်တော့ မဟုတ်တန်ရာ ။

တံခွန်က သူမကိုချစ်နေတယ်တဲ့လား?

မဖြစ်နိုင်တာ ။

မယုံကြည်ပေမယ့် မသိစိတ်က လက်ခံနေမိပြန်သည်။ အရင်ကနဲ့မတူသော ပြု့မူပုံတေသည် တမာမကြည်ဖြူရင် သူဘက်က ဆန္ဒရှိနေတာတောင် မရယူတော့တဲ့အထိ တံခွန်က အလျော့ပေးလာခဲ့တော့တာတေ။ တရေးရေးပြန်မြင်ယောင်လာသည်က တမာ့ကိုသူ အလျော့ပေးခဲ့တာတေ ။ ဘယ်တော့မဆို ရန်ဖြစ်ကြတိုင်း တမာ့ဘက်ကဘဲ အမြဲ လက်ပါခဲ့တာဖြစ်ကာ သူကတော့ တမာ့ကို လက်နဲ့တောင်မရွယ်ခဲ့ ။

ခုလည်းတမာကို ဖေဖေတို့အိမ်မှာဘဲ နေစေကာ တမာသူ့ကို စိတ်ပြေမှ ပြန်လာပါဟုဆိုသည်။ သို့သော် နေ့တိုင်းလာတွေ့သည် ။ ရုံးမသွားခင် တမာတို့ခြံရှေ့ကားဖြင့်ရောက်လာတတ်ကာ တမာ့ရုံးရှေ့ထိ သူ့ကားဖြင့် နောက်က လိုက်စောင့်ကြည့် ပေးသည် ။ တမာရုံးခန်းထဲ ဝင်သွားပြီ ဆိုမှ ပြန်လှည့် သွားတတ်၏ ။ ညနေလည်း ထိုနည်း၎င်း ။ တခါတရံ ဆို ညနက်တဲ့ထိ ခြံရှေ့မာ သူ့ကားရပ်ထားတာကို တွေ့ရတတ်သည်။ သို့သော် စဝ်တံခွန်ထည်ဆိုသည့်အနှီလူသားကအပြောင်းလဲမြန်၏ ။

တမာအနည်းငယ်စိတ်ဆိုးတော့ပြေနေပီပေမယ့် သူ့အား အပြည့်အဝတော့ မယုံနိုင်သေး ။ အနိုင်ယူတတ်တ်သူကို တမာ ခဏလောက်တော့ နှိပ်စက်ထားအုန်းမည်။

မောင့်တမာချို (Completed)जहाँ कहानियाँ रहती हैं। अभी खोजें