pt.7

35.7K 494 12
                                    

လေယာဥ်ပေါ်ရောက်နေပေမယ့် တံခွန့်စိတ်တေ မဖြောင့် အရေးကြီးအလုပ်ကိစ္စကြောင့်သာ ဘန်​ကောက်ကို အလောတကြီး ထွက်လာရတာဖြစ်ကာ အကြည့်ချင်းပင်အဆုံမခံတဲ့ ချစ်ရသူ၏အပြု့မူတေကြောင့် သက်ပြင်းအခါခါ ချမိသည်။

သူမအပေါ် ဘာအမှားကျူးလွန်မိလဲ အထပ်ထပ်အခါခါ စဥ်းစားမိသော်လည်း အဖြေမထွက် ။ ညကတညလုံးသူ့ဘက်က တတွတ်တွတ်တောင်းပန်ကာ ချော့မော့နေခဲ့ပေမယ့်ကျောပေးအိပ်နေခဲ့သူက လှည့်ပင်မကြည့် ။ တမာကသူ့ကိုဆိုအသည်းမာလွန်း၏ ။ ပုံမှန်လို တံခွန့်အနေထားဖြင့်ဆိုပါလျှင် မိန်းမတယောက်အား ဤမျှလောက်အောက်ကြနောက်ကြခံကာ ချော့မော့နေလိမ့်မည်မဟုတ် ။ ခုတော့ တမာချို ဆိုသည့် မိန်းမမို့ ။

မာမီပြီး လျှင် ကမ္ဘာပေါ်မှာ သူအချစ်ရဆုံးသော မိနိးမတယောက်က်မို့ မာနတေကို ခဝါချကာ ဒူးထောက်အရှုံးပေးဖို့ အဆင်သင့် ။ သူစနောက်လို့စိတ်ကောက်စိတ်ဆိုးတတ်သူကို ကြည့်ကာ ပြုံးမိသည်ကအခါခါ ။ သူမမျက်နှာညိုလျှင် သူမနေတတ်။ အချစ်က အံ့သြဖွယ်ကောင်းလွန်း၏ ။ ပြု့ပြင်ရခက်ခဲသော အကျင့်တေကို ကျေပြတ်စေ၏ ။ တသက်လုံးနှလုံးမူလာသော ထုံးတမ်းတေကို ပြယ်စေ၏။

လုပ်ငန်းနဲ့ပါတ်သက်တဲ့ဧည့်သည်တချို့ကို တွေ့ဆုံကာ အလုပ်ကိစ္စတေကို လက်စသတ်ပြီးတော့ ညဥ့်အတော်နက်နေပြီ ။ စိတ်ဆိုးနေတဲ့ သူမကအင်တာနက်မှတဆင့် သူဖုန်းခေါ်တာလဲ မကိုင် ။ မျက်နှာလေးတောင်မမြင်ရတော့ လွမ်းတဲ့စိတ်ကပိုသည်းလာသည်။

အကြိမ်ကြိမ်ပြန်သုံးသပ်နေပေမယ့် ရှာမတွေ့ခဲ့သည့် အကြောင်းအရာ သည် လိုင်းပေါ်မှ တောင်တောင်တင်တင်အသံပေးကာ ဝင်လာခဲ့သည့် notiမှအမည်တခုကြောင့် လင်းခနဲ့ အသိတချက်။

ဂရေ့စ် !!!!!!

ဟုတ်သည် ။ social ကျကာ အလွန်အင်မတန်အစနောက်သန်သည့် ဂရေ့စ်စကားတေကို ကြားကာ တမာကသူ့ကိုစိတ်ကောက်သွားတာ။ ဂရေ့စ်သည်တံခွန်နဲ့ ငယ်ပေါင်းကြီးဖော်များဖြစ်ကာ genderမခွဲဘဲ ပေါင်းသင်းလို့ရသူတဥိး ။ ဥာဏ်ခိုက်တို့နဲ့လည်း bffများဖြစ်သည့်ဂရေစ့်က တံခွန့်အကြောင်းတေကို အူမချေးခါးမကျန် သိနေတဲ့သူ ။ onlineမှတဆင့် face time လုပ်ကြတိုင်း ပြောင်းလဲလာတဲ့ တံခွန့်အကြောင်းတေကို သူငယ်ချင်းတေစနောက်ကြတိုင်း စဝ်ကိုအပိုးကျ်ုးသွားအောင်လုပ်နိုင်တဲ့သူကို တွေ့ဖူးချင်လိုက်တာဟု အမြဲပြောနေကြ ဖြစ်သည်။

မောင့်တမာချို (Completed)Where stories live. Discover now