pt.10 zawgyi (final)

12.8K 107 9
                                    


၆နှစ်ခန့်ကြာသောအခါ

ရန်ကုန်မြို့၏ လေဆိပ်(arrival hall ) ဆိုက်ရောက်ခရီးသည်များ စောင့်ကြိုရာနေရာ၊ လူသူများကြား ပြေးလွှားဆော့ကစားနေကြသော ချစ်စရာ လေးနှစ်ခွဲအရွယ် ကလေးနှစ်ဦး ။

ဖြူသန့်နေသော ကလေးငယ်များ၏ သွင်ပြင်သည် အသိုင်းဝိုင်းဝိုင်းတခုတွင် ကောင်းမွန်စွာ ပြုစု့ ဂရုစိုက်ခံထားရသော ကလေးငယ်များဖြစ်ကြမှန်းသိသာနေစွာ လေဆိပ်ဝင်းထဲရှိ မြင်သူတိုင်းက ထိုကလေးနှစ်ဦးအား ချစ်မြတ်နိုးသော အမူရာများဖြင့် လိုက်လံကြည့်ရှူကြ၏။

၎င်းကလေးနှစ်ယောက်ဆော့ကစားနေသည်ကို ကော်ဖီတခွက်ကိုင်ရင်း ပြုံးကြည့်နေသည့် လူတယောက်လည်းရှိကာ ထိုလူသည် မိုးပြာရောင် ရှပ်လက်တိုကို စတိုင်ပန်အနက်နဲ့တွဲဘက်ဝတ်ဆင်ထားသည်မှာ ရှည်လျားလှသော အရပ်မောင်းနှင့် အလွန်အင်မတန်လိုက်ဖက်ကာ စတိုင်ကြလှသည် ။

အပြာရောင်သန်းနေသော နေကာမျက်မှန်ကိုတပ်ဆင်ထားလျှက် ခရီးသည်များထွက်လာသော hallဘက်ရှိရာသို့ လည်ဆန့်မျှော်လိုက် ကလေးများရှ်ရာဘက်သို့ လှမ်းကြည့်လိုက်နှင့်  တစုံတယောက်အား စောင့်မျှော်နေဟန်ရှိသည် ။

"မာမား လာပြီ !!"

ကလေး၂ဥိးထဲမှ ကောင်လေးဖြစ်သူက မိခင်ဖြစ်ဟန်တူသော အမျိုးသမီးငယ်လေး ခရီးသည်များအကြားမှ ထွက်ပေါ်လာသောအခါ တိုးငြင်းစွာအော်ဟစ်၍ ညီမဖြစ်သူ၏ လက်ကိုဆွဲကာ ပြေးလေတော့သည်။

တမာ အိတ်များသယ်ဆောင်လာသော တွန်းလှည်းလေးကို ဘေးသို့ဖယ်ရှား၍ ပြေးဝင်လာသော သားနဲ့ သမီးတို့ကို ထွေးဖက်ထားလိုက်သည် ။ သားနဲ့သမီးကို တဖက်စီမှ မနိုင့်တနိုင်မကာ ချီတော့ တံခွန်က တမာ့baggageတေတင်ထားသော လှည်းကို တွန်းလာခဲ့ပေး၏ ။

တံခွန့်ရှေ့မှ ဝင်းနုနေသူသည် ဆံပင်ရှည်များကို သားနဲ့သမီး ၃နှစ်အရွယ်လောက်ထဲက အတိုညှပ်ပစ်ထားခဲ့တာ ။ ခုတော့ သင်တန်းသွားတက်တဲ့ တနှစ်ခွဲအတွင်း ကျောလယ်မထိတထိထိရောက်အောင် ပြန်ရှည်နေပီ ဖြစ်သည်။ နဂိုအသားဖြူသူသည် USက ရေမြေကြောင့် ပိုပီးနုဖတ်ဖြူဖွေးလာကာ ပါးမို့များက ပန်းသွေးရောင်ပြေးနေ၏ ။ ကုတ်အကျီဆင်စွယ်ရောင်လေးနှင့် သူမအသားရည်က လိုက်ဖက်ညီနေကာ ကလေးနှစ်ယောက်အမေဆိုတာ ကျိန်တွယ်ပြောရင်တောင် ဘယ်သူမှယုံမည်မဟုတ် ။ ပိုလှလာသူက သားနဲ့သမီး၏ ပါးကို တလှည့်ဆီ တရွှတ်ရွှတ်ဖိနမ်းနေတာ ဖြစ်ကာ သူ့ကို လှည့်ပင်မကြည့် ။

You've reached the end of published parts.

⏰ Last updated: Apr 08, 2022 ⏰

Add this story to your Library to get notified about new parts!

မောင့်တမာချို (Completed)Where stories live. Discover now