pt.6

36.7K 473 14
                                    

တမာနဲ့သူ နေ့လည်စာစားပြီး ဧည့်ခန်းထဲမှာဘဲ ထိုင်နေဖြစ်ကြသည်။ သင်္ကြန်ရက်များမို့ companyကလည်း ရုံးရက်ရှည်ပိတ်တာကြောင့် ၂ယောက်လုံးအိမ်မှာအနားယူနေကြတာဖြစ်သည်။ အလကားမနေတတ်တဲ့သူများမို့ macbookတလုံးစီကိုင်ကာ အလုပ်လုပ်နေကြပေမယ့် တံခွန်အကြည့်များက တမာ့မျက်နှာနုနုလေးဆီမှာဘဲ မကြာခဏ ဖေးတင်နေသည်။
ကျောက်စိမ်းရောင်ဝမ်းဆက် အကျီီလက်ပြတ်လေးနဲ့ ဝင်းဖန့်နေသူသည် အလှတရားနှင့်ပတ်သက်လျှင် ဆုတောင်းကောင်းခဲ့ပုံရသည်။

ပန်းရောင်ဝတ်လျှင် ပန်းနုရောင်သန်းနေလျှက် အစိမ်းရောင်ဝတ်လျှင် သွေးကြောစိမ်းလေးများနှင့် ကြည်ဥနေသည့် အသားရေသည် လိုက်ဖက်ညီစွာ အဝတ်စားအပေါ်လိုက်၍ အရောင်ပြောင်းတတ်တဲ့သူမက ပုတ်သင်ညိုမလေးများလား ။ တံခွန်တွေးရင်း ခပ်ဟဟရယ်မိတော့သည်။

မျက်နှာချင်းဆိုင် ဆိုဖာဆက်တီများပေါ်တွင်အလုပ်လုပ်နေရင်းမှ သူမအားတံခွန်လှမ်းလှမ်းကြည့်နေသည်ကို macbookနှင့် ဖိုင်တွဲများအား ကြည့်နေရင်းမှ မျက်ဝန်းထောင့်မှ လှမ်းမြင်နေရတာဖြစ်သည်။ မကြည့်ပါနဲ့ဟုတားလျှင် ပိုဆိုးကာ ရောင့်တက်လာမည့် သကောင့်သား၏ အကျင့်တေကြောင့် ဘာမှမပြောတော့ဘဲ မသိချင်ယောင်ဆောင်နေလို့ရသော်လည်း ရယ်သံခပ်တိုးတိုး​ကိုပါ ကြားရသည့်အခါ အလုပ်ထဲကို ဘယ်လိုမှ အာရုံစိုက်၍ မရတော့ ။

"တံခွန် ကျေးဇူးပြု့ပီး တိတ်တိတ်လေးနေပေးလို့မရဘူးလား တို့ဒီမှာလုံး၀အာရုံစိူက်လို့မရတော့ဘူး "

ပြောကာမှပိုဆိုးလာကာ သူမထံသို့လျှောက်လာပြီး လက်ထဲက macbookကို ပိတ်ချပစ်ပြီး စားပွဲပေါ်သို့ ပစ်တင်ပစ်သည်။

"အာရုံစိုက်မရရင်လည်း ဆက်မလုပ်နဲ့တော့ ဒေါ်တမာ ကျုပ်တို့သွားအိပ်ကြစို့ "

"နေ့ခင်းနေ့လည်ကြီးအိပ်စရာလား မင်းဘာမင်းသွားအိပ် "

"ကျုပ်ကရိုးရိုးတရေးတမော အိပ်ကြဖို့ပြောတာ ခင်များကဘာတေတွေး မဟုတ်မှ ဟိုလိုအိပ်ဖို့စဥ်းစားနေတာလား...."

"တံခွန်! မင်း! "

ပြုံးဖီးဖီးမျက်နှာထားဖြင့် စနောက်ာက်လာသည့်တံခွန်စကားတေကြောင့် တမာရယ်ချင်လာရပေမယ့်မရယ်ရဲ ။ ဒီကောင်လေးဟာ သိပ်အကန်းတတ်တတ်တာ ။ သူ့လက်တေ ထိခိုက်မိတုန်းကလည်း ဖြစ်တာကတော်တော် တချိန်လုံးကဲသဲနေကာ တမာ့နားသူ့အနားကဖဝါးမှ ခွာမရ ။ သူကိုယ်တိုင် ဖေဖေတို့ဆီပါ ဖုန်းဆက်ခွင့်တိုင်ပြီး ရုံးသို့ပင်မသွားစေခဲ့တာမို့ အဲ့ရက်တေက တမာ အလုပ်တချို့ကို အိမ်ကနေဘဲ ကြီးကြပ်ကွပ်ကဲ ခဲ့ရသည်။ သနားတတ်တဲ့ တမာ့စိတ်ကို အခွင့်ကောင်းယူကာ တချိန်လုံး သူမရင်ခွင်ထဲမှ မခွာတော့ ။

မောင့်တမာချို (Completed)Où les histoires vivent. Découvrez maintenant