pt.9 zawgyi

13.6K 83 6
                                    


တမာနှင့်တံခွန်တို့နှစ်ဦးသည် တယောက်နဲ့တယောက်က် ချစ်တယ်ဟူသောအသုံးနူန်းကိုနူတ်မှ ဖွင့်ဟကာ ဝန်မခံဖြစ်ကြသော်ငြား နားလည်မှု့အပြည့်နှင့် အပေးယူမျှတကာ သင့်မြတ်သော အိမ်ထောင်ရေးတခုကို တည်ဆောက်နေကြပြီဖြစ်သည်။

နှစ်ဖက်မိဘများကလည်း ဒီအခွင့်ရေးကိုလက်လွတ်မခံဘဲ ကလေးယူကြရန်တိုက်တွန်းသည် ။ အချိန်အခါသင့်တုန်း အသက်အရွယ်တေလည်းရှိတုန်း သုံးလေးယောက်လောက်ယူထားရန်ပြောတော့ တမာမျက်လုံးပြူးခဲ့ရပြန်၏ ။ တံခွန်ကတော့ ပြုံးစိစိဖြင့် ရသလောက်ယူမာဟု ဂုဏ်ဆာနေတာမို့ တမာသူ့ကို ကပ်တိုးလေးဆွဲဆိတ်ခဲ့ရသေး။ မိဘတေရှေ့ ငြိမ်ငြိမ်လေးနေပေးဖို့ ။ ကိုယ်တိုင်လည်း တားမြစ်ထားခြင်းကို ပြု့လုပ်မထားတော့ပါ ။ ရလာတဲ့သားသမီးရတနာလေးကို မိဘအဘိုးဘွားများအစုံအလင်၏ လက်ဝယ် နွေးထွေးစွာ အချစ်ခံစေခြင်းသေး၏ ။ သို့သော် အချိန်အခါ မသင့်သေးဘူးထင်ပါသည် ။ ထူးခြားမှု့ တစုံတရာမရှိ ။

" မောင်တို့ company နှစ်ပတ်လည် dinnerကို မင်းကော ဂျွိုင်း(join)ချင်လား တမာ "

တမာက သူချွတ်ထားသော အဝတ်များကို အဝတ်ညစ်ခြင်းထဲကောက်ထည့်ရင်းမှ ခေါင်းရမ်း လေသည်။

"လူထူတဲ့နေရာတေ တို့သိပ်မနေတတ်ဘူး တံခွန် "

တံခွန်ကတော့သူကိုယ်သူ မောင်လို့ နာမ်စားသုံးစွဲပေမယ့် တမာကတော့ အဲ့လိုခေါ်ဖို့ ခုထိနူတ်မရဲသေး ။ သူခေါ်ဖို့ပူဆာတိုင်း တမာရှောင်လွဲနေမိတာက တကယ်ကို မရဲနေသေးလို့ပါ ။ ရင်ထဲမှာတော့ အကြိမ်ကြိမ် ထိုအသုံးနှုန်းလေးနှင့် သူ့အား တွဲစပ်နေမိပြီ ဖြစ်ပေမယ့် လက်တွေ့မှာ နူတ်ကထွက်မလာ ။ ကြာတော့ သူလည်းလက်လျော့သွားပုံရသည် ခေါ်ဖို့ထပ် မတိုက်တွန်းတော့ ။

" ဒါဆိုလည်း dinnerတော့မလိုက်နဲ့ ငပလီtripကိုတော့ မင်းလိုက်ကိုလိုက်ရမာနော် တမာ မင်းမပါဘဲ ကျုပ်မသွားနိုင်ဘူး "

ကလေးကြီးလိုပူဆာနေသူသည် တခါတရံ အလိုမကျသည့်အခါတိုင်း ကျုပ်တေခင်များတေလုပ်လာတတ်ကာ စိတ်ဆိုးပြတတ်သေး၏ ။ Nation Construction Group တခုလုံး၏ CEO တယောက်ဖြစ်နေတာတောင် တမာ့ပေါ်ကိုဆို ခုထိ ကလေးဆန်တုန်း ။ ကျယ်ပြန်တဲ့ ရင်အုပ်ကြီးကို ချုံ့ချကာ တမာရင်ခွင်ထဲဝင်အိပ်ဖို့ အတင်းကြိုးစားတတ်တုန်းဘဲ ဖြစ်သည်။

မောင့်တမာချို (Completed)Where stories live. Discover now